Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု

Magsimula sa umpisa
                                    

လင်ရွှမ်းဇီကဖုန်ကျင်းယွီအားလေးနက်စွာစိုက်ကြည့်လိုက်သည့်။

"မင်းတောင်ပေါ်ကိုတက်လိုက်လို့ရတယ်ဒါပေမဲ့ကိုယ့်ကိုကိုယ်နှိမ့်နှိမ့်ချချနေပြီးသာမာန်ငှက်တစ်ကောင်လိုပြုမူရမယ်...ဘယ်သူမှသံသယမဝင်အောင်နေရမယ်"

ဖုန်ကျင်းယွီကသူ့ရင်ဘက်လေးကိုမြင့်မြင့်ကော့လိုက်သည်။

"ဒီငှက်....မဟုတ်ဘူး,ဒီဘုရင်ကအမြဲတမ်းထင်ပေါ်ကျော်ကြားတဲ့ငှက်တစ်ကောင်ဖြစ်ပြီးနှိမ့်ချတတ်တဲ့သူတစ်ယောက်ပါ!"

လင်ရွှမ်းဇီကသဘောမတူဟန်ဖြင့်ခေါင်းခါပြသည်။

"အခုချိန်ကစပြီးပြောင်းပြန်ဖြစ်သွားပြီ"

ဖုန်ကျင်းယွီ: "...."

"ငှက်တစ်ကောင်ကိုဒီလိုအနိုင်ကျင့်တာမှားယွင်းတယ်နော်!"

ငှက်ကလေးကဒေါသတကြီးဖြစ်နေသည်။

မင်းခေါင်းပေါ်မှာငါ့လိုဖီးနစ်ငှက်ရဲ့အဖိုးတန်လှတဲ့မစင်ကိုစွန့်ပစ်လိုက်ချင်တယ်!

*****

ပိုင်သခင်မရဲ့အခန်းထဲတွင်

ပိုင်လင်းကသူမရဲ့သိပ်မရင်းနှီးသလိုဖြစ်နေသည့်သားကိုအေးစက်ပြီးမြင့်မားသည့်မျက်လုံးများဖြင့်စိုက်ကြည့်နေသည်။

ထိုပုံစံကိုလင်ဇီဂျီမြင်သောအခါသူ့ရဲ့ဦးရေပြားပင်တင်းမာလာရသည်။အကြောင်းအရင်းကိုစဉ်းစားပြီးနောက်တွန့်ဆုတ်စွာပြုံးပြလိုက်၏။

"ဘာဖြစ်လို့အမေကကျွန်တော့ကိုဒီလိုပုံစံကြီးကြည့်နေတာလဲ?"

ပိုင်လင်းကစားပွဲခုံကိုရိုက်လိုက်ပြီးအေးစက်စက်ပြန်ဖြေသည်။

"မိသားစုတစ်ရာစုဝေးပွဲအတွင်းမှာတတိယအကြီးအကဲနဲ့ငါကနင့်ကိုမျှော်လင့်ချက်ကြီးကြီးထားထားတာ...မမျှော်လင့်ပဲတောင်ပေါ်မှာအရည်အချင်းပြရမယ့်အစားလင်ယန်ဆိုတဲ့ကလေးကိုအခွင့်အရေးပေးပြီးလင်ရွှမ်းဇီဆိုတဲ့အဲ့ဒီကောင်စုတ်လေးကိုတောင်နာခံလာရတယ်လို့...နင့်မျက်လုံးထဲမှာငါနဲ့တတိယအကြီးအကဲကိုထည့်တောင်ထည့်ထားရဲ့လား?"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းTahanan ng mga kuwento. Tumuklas ngayon