Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု

Start from the beginning
                                    

ဒါ့အပြင်လင်းချီဂုအပေါ်ဖုန်ကျင်းယွီရဲ့ဖော်ပြချက်အရဆိုရင်နယ်မြေကိုးခုကထီးနန်းအတွက်အပြင်းအထန်တိုက်ခိုက်နေလောက်ပြီဖြစ်သည်။အနောက်ဘက်နယ်မြေအနေနဲ့သူတို့ရဲ့အရေးကိစ္စများမှာမထိခိုက်နိုင်ဘူးဆိုတာမဖြစ်နိုင်တာကြောင့်တစ်စုံတစ်ယောက်ကတော့မကြာခင်ပြန်သွားပြီးအခြေအနေတစ်ခုလုံးကိုထိန်းချုပ်မှဖြစ်လိမ့်မည်။

ဒါပေမဲ့အခုဖုန်ကျင်းယွီကတော့ယန်ထျန်းဟန်နောက်ကိုတွန့်ဆုတ်မှုမရှိလိုက်ပါနေသည်။ကြည့်ရတာသူကနယ်မြေကြီးကိုးခုသို့ပြန်နိုင်မယ့်နည်းလမ်းအားရှာဖွေမည့်ရည်ရွယ်ချက်လုံးဝရှိပုံမပေါ်တာကြောင့်အဲ့ဒါကလင်ရွှမ်းဇီအားစိတ်မသက်မသာဖြစ်စေ၏။

ဒီဖီးနစ်သည်အစောပိုင်းတုန်းကအမှန်တရားနှင့်အလိမ်အညာတစ်ချို့ကိုပြောထားတာကြောင့်ခွဲခြားသိမြင်နိုင်ဖို့မလွယ်ကူပေ။ဘုရင်အဖြစ်မွေးဖွားလာတာဆိုမှတော့....ဘယ်သူကများကိုယ့်ရည်ရွယ်ချက်ကိုယ်အလွယ်တကူဖော်ပြမှာလဲ?

ဖီးနစ်သည်သဘာဝကိုကဘုရင်အဖြစ်မွေးဖွားလာတာဖြစ်သော်လည်းအနောက်ပိုင်းနယ်မြေတစ်ခုလုံးကိုအုပ်ချုပ်နိုင်ဖို့ကတော့စိတ်ထားကောင်း၊ပညာရှိ၊အရင်းအမြစ်ကြွယ်ဝပြီးကောင်းစွာပြုမူတတ်ရန်လိုအပ်သည်။လင်ရွှမ်းဇီကတော့ဒီဖီးနစ်ရဲ့ရိုးရှင်းပြီးတည့်တိုးဆန်လှသည့်ပုံစံကိုမယုံကြည်နိုင်ပေ။

သူကသူ့စိတ်ထဲကသံသယများကိုဖိနှိပ်ထားလိုက်ပြီးဒီငှက်ရဲ့ရည်ရွယ်ချက်ကိုသိနိုင်ရန်ထပ်စောင့်ဖို့ဆုံးဖြတ်လိုက်သည်။သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာများဖြစ်နိုင်မလဲ?

"သိပ်မကြာခင်အားဟန်နဲ့ငါနဲ့နက်ရှိုင်းကောင်းကင်ဂိုဏ်းကိုသွားကြမှာ,မင်းအစီအစဉ်ကဘာလဲ?"

ဖုန်ကျင်းယွီကခရစ်ခရစ်ဟုအော်လိုက်ပြီးတွေးပင်မတွေးပဲပြောလာသည်။

"သေချာပေါက်ဒီဘုရင်ကအားဟန်နဲ့အတူတူရှိနေချင်တာပေါ့....ဒါပေမဲ့ဒီဘုရင်ကအင်အားကြီးလွန်းတော့နောက်လိုက်လုပ်ချင်တဲ့သူတွေများလွန်းတယ်အဲ့ဒါကြောင့်ငါ့ကိုယ်ငါလွတ်လွတ်လပ်လပ်ထုတ်ဖော်ပြလို့မရဘူးဖြစ်နေတာ...မဟုတ်လို့ကတော့ငါသေချာပေါက်နက်ရှိုင်းကောင်းကင်ဂိုဏ်းကိုပြဿနာတတ်အောင်လုပ်ပစ်မှာ!"

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now