အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]

Start from the beginning
                                    

ဤထက်ပိုပြီး ပွက်လောမရိုက်လာခင်လက်တစ်ဖက်ကို မြှောက်ကာ လုနျယ်ချီဂုတ်ကို ဆွဲကိုင်ရန် ပြင်လိုက်သည်။

"ဒုတ်—"

နောက်ထပ်ရင်ခုန်သံတစ်ချက်သည် စိတ်ဂယောက်ဂယက်ဖြစ်နေသော ရွှဲ့ရှန်ကို တခဏမျှ နိုးထသွားစေသည်။ ဖော်ပြရန်ခဲယဥ်းသော ခံစားချက်တစ်ခုက စိတ်ဝိညာဥ်အား လွှမ်းမိုးလာတော့သည်။ တစ်စုံတစ်ရာမှ ဆွဲထုတ်ခံလိုက်ရသော လွန်စွာရင်းနှီးကျွမ်းဝင်နေသော အရာသည် သူ့ထံ အပြေးအလွှား တိုးဝင်လာသည့်နှယ်။ အမှန်တကယ် ဖြစ်တည်နေခြင်း မဟုတ်သော သွေးကြောများထဲ စီးဆင်းနေပြီး အမှန်တကယ်ရှိမနေသော ခန္ဓာကိုယ်သည် လောင်မြိုက်ပြန့်ကားလာသလိုပင်။

တကယ်ပါပဲ...

ရွှဲ့ရှန် ကိုယ့်ကိုယ်ကို မကျေမနပ် ညည်းတွားမိသည် ; ရေစိုနေတဲ့ပေါက်စီပွလာတာလား?

တစ်ကိုယ်လုံးသည် ကြီးမားလာသည်မှာ ရွှေလုံးအပြည့် ဖြည့်တော့မည့်နှယ် ခံစားလာရသည်။

"ဒုတ်—"

"ဒုတ်—"

"ဒုတ်—"

အသံသည် လျှင်မြန်စွာ ဆက်တိုက်ထွက်ပေါ်လာ၏။ ဤတစ်ကြိမ်တွင် ရွှဲ့ရှန်တစ်ဦးတည်းတင်မက ရေကန်တစ်ဖက်သို့ ဦးတည်သွားနေကြသူတိုင်းပါ ကြားမိကြသည်။

"ဘာ..ဘာကြီးလဲ?"

မတိုင်ခင် ဤလမ်းကို ဖြတ်သန်းခဲ့ဖူးသော လုရှီကျိုသည် အနှီကဲ့သို့ ဖြစ်စဥ်အား ပထမဆုံး ကြုံကြိုက်ခြင်းပင်ဖြစ်သည်။

"ကျောက်တိုင်တွေကိုတစ်ခုခုဝင်တိုးနေတယ်!"

ရွှမ်းမင်ခြေလှမ်းများ တခဏမျှရပ်တန့်သွားပြီးနောက် စတင်အရှိန်တင်တော့သည်။

"အမြန်လျှောက်"

လုရှီကျိုပြောသည်မှာမမှား။ ကျောက်တိုင်များကို အမှန်ပင် တစ်စုံတစ်ရာမှ တွန်းတိုက်နေသည်။ ရေနက်ထဲတွင်ရှိနေသော တစ်စုံတစ်ရာသည် ရုတ်တရက်နိုးထလာပြီး ကျောက်တိုင်များအောက်ခြေကို ဒေါသတကြီး လှုပ်ခါနေသည့်နှယ်။ တစ်ချက်တိုင်းမှာ ကျောက်တိုင်များသည် ရုတ်ချင်းပင် လှုပ်ခါယမ်းသွား၏။ နဂိုကတည်းက ရှည်လျားသေးသွယ်သော ကျောက်တိုင်များသည် တည်ငြိမ်ခြင်းမရှိတော့ပဲ တစ်ချက်တိုင်းမှာ ရပ်တည်နိုင်စွမ်းမရှိတော့သည်အထိ ပမာဏကြီးစွာ ခါယမ်းလာသည်။

"ဒုတ်—"

ပိုမိုပြင်းထန်သော တိုက်ချက်သံနှင့်အတူ ကျောက်တိုင်များအားလုံး တုန်ခါလာသည်။ ထို့နောက် အက်ကြောင်းလိုက်သံ ထွက်ပေါ်လာ၏။ တစ်ချိန်တည်းမှာ ခြေထောက်အောက်မှ ကျောက်တိုင်များနှင့် အရှေ့နှင့်အနောက်မှ ကျောက်တိုင်များပါမကျန် တစ်ပြိုင်နက် ကျိုးပဲ့ပျက်စီးကုန်ကြသည်။ အားထုတ်ကြိုးစားဖို့ရန်တောင် အချိန်မရလိုက်ပဲ ရေထဲကျဆင်းသွားကြသည်။

ရေအောက်မြုပ်သွားသော အချိန်မှာပဲ ခါးထက်အိတ်ကပ်မှ တရူးရူးတရှဲရှဲ မြည်သံဖျော့ဖျော့ကို ရွှမ်းမင်ကြားလိုက်ရသည်။ မီးပူပေးထားသောသံပြားထက် ရေလောင်းလိုက်သောအခါ ထွက်ပေါ်လာသော မြည်သံကဲ့သို့။

နက်မှောင်နေသောရေသည် မည်သည်များ ပါဝင်နေသလဲတော့မသိ။ မျက်လုံးအိမ်ကို အပ်နှင့်ဖောက်ထွက်မတတ် နာကျင်မှုကိုပေးလျက် မျက်လုံးဖွင့်ဖို့ရန်တောင် ခဲယဥ်းနေသည်။

နှစ်ကြိမ်နှစ်ခါ မျက်တောင်ခတ်လိုက်ပြီးနောက် ဘေးပတ်လည်မှ အရာများကို မြင်နိုင်သွားသည်။ တစ်ချိန်တည်းမှာပဲ မျက်လုံးထောင့်ကနေပြီး ခါးနားမှ ပြောင်ချောချော ခပ်သေးသေးအရာ လိမ့်ထွက်လာသည်ကို တွေ့လိုက်ရသည်။ မသိလျှင် အလွန်အမင်းလေးလံနေသည့်နှယ် ရေအောက်ကြမ်းပြင်ကို ဦးတည်သွားသကဲ့သို့ တရှိန်ထိုး နိမ့်ဆင်းသွားတော့သည်။

ရွှမ်းမင်ကြက်သေသေသွားသည် ; ခြေကောလက်ပါမရှိ၍လိမ်လိမ်မာမာနေပါမည်ဟုဘယ်သူပြောခဲ့တာလဲ?

ထို့နောက် ချက်ချင်းပင် ကယ်ဆယ်ရန် လက်လှမ်းလိုက်သည်။

ရွှေလုံးကို လှမ်းဆုပ်မိသည်နှင့် တခဏ ဧရာမအလေးချိန်သည် လက်ဖဝါးထက် ရောက်ရှိလာတော့၏။ အလုံးတစ်လုံးကို ဆုပ်ကိုင်လိုက်သည်မဟုတ်ပဲ တောင်တစ်တောင်လုံးကို လှမ်းဖမ်းလိုက်သည့်နှယ်။

လက်ပြန်မရုတ်နိုင်ခင်မှာပဲ တမဟုတ်ချင်းပင် ရွှေလုံးနှင့်အတူ ရေနက်ထဲ လိုက်ပါကျဆင်းသွားတော့သည်။

ရွှမ်းမင် ; “…”

•••••

Copper Coins《铜钱龛世》Where stories live. Discover now