အခန်း ၂၄[မြစ်အတွင်းနစ်မြုပ်နေသောအရိုးများ ၁]

Start from the beginning
                                    

...

စာကြောင်းသည် ထပ်ခါထပ်ခါ ပဲ့တင်ထက်လာ၏။ ကြားချင်ချင်းပင် ကျန်းရှီနင်သည် လက်ကအပေါ်ကို ညွှန်ပြနေဆဲမှာ ဂုတ်တိုဝင်သွားကာ မလှုပ်မယှက် တောင့်တင်းသွားတော့၏။

လုရှီကျိုသည် ရူးကနဲ ခပ်တိုးတိုးလေမှုတ်ထုတ်ကာ တိုးသမျှတိုးနိုင်အောင်ပြောနေရသော အသံမျိုးနှင့်

"အသံနည်းနည်းနိမ့်ပါဦး"

တီးတိုးစကားသံနှင့်အတူ ပဲ့တင်ထပ်သံများသည်လည်း ခြုံလုံစွာ လျော့ကျသွားပြီး မတိုင်ခင်တုန်းကလို ကြောက်မက်ဖွယ်ရာ လှိုဏ်ခေါင်းသံ ထွက်မလာတော့။

ရွှမ်းမင်အပေါ်ကို မော့ကြည့်ရာ အပေါ်တည့်တည့်တွင်ရှိနေသော အပေါက်ခုနှစ်ပေါက်ကို တွေ့လိုက်ရသည်။

ဗလာကျင်းနေသော လေဟာနယ်ထဲ လက်ဆန့်တန်းလျက် အတန်ငယ် ဝေ့ယမ်းကြည့်ကာ

"အပေါက်တွေမဟုတ်ဘူး"

တကယ်တမ်း အပေါက်များသာဖြစ်နေမည်ဆိုလျှင် ဤနေရာ၌ရှိနေသောလေသည် ယခုအတိုင်း တိုက်ခတ်နေမည်မဟုတ်။

"ညအလင်းထုတ်ဓာတ်လုံး"

ခဏကြာကြည့်ရှုနေပြီးနောက်

"တိုက်တိုက်ဆိုင်ဆိုင်မြောက်အရပ်ကခုနှစ်စင်ကြယ်ပုံစံအတိုင်းရှိနေတယ်"

ထိုစကားကြားပြီးနောက် ကျန်းရှီနင်သည် ရုတ်ချင်းခပ်ရေးရေးမျှတော့ သဘောပေါက်သွား၏။ အနှီစက်ဝိုင်းပုံသဏ္ဍာန်ခုနှစ်ခုသည် အပေါက်များနှင့် တကယ်တမ်းတော့မတူ။ မြောက်အရပ်ရှိ ခုနှစ်စင်ကြယ်ပုံစံအတိုင်း တည်ရှိနေသော ညအလင်းထုတ်ဓာတ်လုံးများသာ။ ငွေရောင်အလင်းပျောက်များသည် ဓာတ်လုံးများထံမှလာတာဖြစ်ကာ နေရောင်နှင့်ယှဥ်လျှင်တော့ အပေါ်မှ အလွန်အားလျော့စွာ ဖြာကျနေပြီး အေးစိမ့်စိမ့်နိုင်လှသည်။

"ညအလင်းထုတ်ဓာတ်လုံးခုနှစ်လုံးရှိနေတာတောင်ဂူကမှောင်နေသေးတယ်..မျက်နှာကျက်အတော်မြင့်ပုံရတယ်"

ကျန်းရှီနင်တီးတိုးရေရွတ်လာသည်။

"ပဲ့တင်သံအရတောင်မှန်းဆလို့ရတယ်"

အရှေ့မှလုရှီကျိုပြောလာ၏။

"အရှေ့မှာလမ်းကြမ်းလိမ့်မယ်..ပိုပြီးသတိထားကြပါ..ကျောက်တုံးနေရာမှားပြီးမနင်းမိစေနဲ့..ပြုတ်မကျအောင်လည်းသတိထား"

လုရှီကျိုသည် လှမ်းလက်စ ခြေထောက်ကို ပြန်ရုတ်လိုက်ပြီး

"နေပါဦး..ကျောက်တုံးမှားပြီးနင်းတယ်ဆိုတာဘာကိုပြောတာလဲ?ပြုတ်မကျစေနဲ့ကရော?"

"မင်းပဲအဓိက"

လုရှီကျိုသည် နောက်ထပ်ထပ်ပေါင်း ပြောလာပြန်၏။

"အောက်ငုံ့မကြည့်နဲ့"

လုနျယ်ချီ ; "…"
ဘာအဓိပ္ပာယ်ကြီးလဲ?ကိုယ့်လက်ကိုယ်မြင်နိုင်ရုံလောက်အလင်းပဲရှိတဲ့ပိန်းမှောင်နေတဲ့အချိန်မှာအောက်မကြည့်ပဲဘယ်လိုလျှောက်ရမလဲ?တစ်လှမ်းတောင်လှမ်းနိုင်မယ်မထင်!

စကားပြောနေကြရင်းနှင့်ပင် မျက်လုံးများသည် အမှောင်နှင့် တဖြည်းဖြည်း အသားကျလာပြီဖြစ်၍ ဝန်းကျင်ရှိအရာဝတ္ထုများကလည်း တဖြည်းဖြည်း ရုပ်လုံးပေါ်လာတော့သည်။

သူတို့သည် မြစ်ကမ်းပါးတွင် ရှိတတ်သည့် ခရီးသည်ရပ်နားရာ စင်ကဲ့သို့သော ကျောက်သားချပ်၌ မတ်တပ်ရပ်နေကြခြင်းဖြစ်သည်။ ကျဥ်းမြောင်းသည်ဖြစ်သော်ငြားလည်း နှစ်တန်းစာတော့ရှိသည်။ ကျယ်ပြန့်သည်ဟု ယူဆလို့ရပေမယ့် အရှေ့တွင်ရပ်နေသော လုရှီကျိုနှင့် ရွှမ်းမင်သည် ရှေ့တစ်လှမ်းလှမ်းလိုက်လျှင်ဖြင့် ကျောက်ပြားချပ်အစွန်းမှ ပြုတ်ကျသွားလိမ့်မည်။

ကျန်းရှီနင် ထပ်ခါထပ်ခါ တိတ်တဆိတ် ရေရွတ်မိသည်မှာ "မင်းကသရဲ..နှစ်ကြိမ်မသေနိုင်တော့ဘူး" သတ္တိမွေးကာ ရှေ့တစ်လှမ်းလှမ်း၍ ရွှမ်းမင်နောက်အနား ကပ်လိုက်သည်။ ရှေ့မှာရှိနေသော ရွှမ်းမင်ပုခုံးကို ကျော်ကာ အရှေ့မှာမည်သည်များရှိနေမလဲကို ကဲကြည့်လိုက်သည်။ ထူးကဲသောရေပြင်ကျယ်ဖြစ်ကာ မျက်နှာပြင်ထက် အလင်းဖျောက်ဖျောက် ရောင်ပြန်ဟပ်နေသည်။ အနက်မှာ မမှန်းဆနိုင်သလို မည်သည့်အရပ်က ရောက်လာသောရေများဖြစ်ကြောင်းလည်း မသိရှိနိုင်။ တစ်ယောက်ယောက်များ ပြုတ်ကျသွားလျှင် ပြန်တက်နိုင်မတက်နိုင် တွက်ဆရန် ခဲယဥ်းလှသည်။

အဆန်းပြားဆုံးသော အခြင်းအရာမှာ ရေပေါ်တွင် ဖရဲသီးကြီးများနှယ် အဝိုင်းသဏ္ဍာန်အရာများ သီးခြားဆီပေါ်လောပေါ်နေခြင်း ဖြစ်သည်။ အကြမ်းဖျဥ်းသာ မြင်ရသည်ဖြစ်၍ အနှီအဝိုင်းများသည် ကျောက်သားကျောက်စိုင်များလော အခြားအရာများလော ပိုင်းခြားသိမြင်ခြင်း မရှိသေး။ မျက်စိနှင့်မြင်နိုင်သလောက်အရ ခန့်မှန်းခြေ မှန်းဆကြည့်မည်ဆိုလျှင် တစ်ရာမကပင် ရှိနေသည်။

ဖြည့်ဆွတ်ပြောရလျှင် လုရှီကျိုအရှေ့ နက်မှောင်နေသော ရေပြင်ထဲတွင် စိုက်ထူထားသော ကျောက်တိုင်များရှိနေသည်။ ကျောက်တိုင်ထိပ်တွင် ခြေနင်းချစရာ အရွယ်အစား လေးထောင့်ပြားချပ်များ ဖြတ်၍ တင်ထားသည်။ တိုင်တစ်တိုင်ခြင်းဆီသည် တစ်သီးတခြား မညီမညာ အနိမ့်အမြင့်မတူ ပြန့်ကျဲတည်ရှိနေရာ မိန်ဟွာကျွမ်းသိုင်းကျင့်စဥ် အတိုင်းပင်။

ရှေ့ဆက်သွားရန် တစ်ခုတည်းသော လမ်းဖြစ်သည်။

ကျန်းရှီနင်သည် အရှေ့ကိုတစ်ဆုံးကြည့်နေရင်း လမ်းအဆုံးကို ဆက်မမြင်ရတော့။ ဘယ်လောက်များဝေးလို့လဲ!?

ခြေထောက်များ သာခွေယိုင်ချင်လာပြီး မတတ်သာပဲ ရွှမ်းမင်ကို ကြည့်လိုက်သည်။

ဘေးဘီဝဲယာကို ကြည့်ရှုနေသော ရွှမ်းမင်မျက်ခုံးရိုးများက မသိမသာ တွန့်ကွေးနေပြီး မည်သည်ကို တွေးနေတာလဲကိုတော့ သိရှိရန်ခက်လှသည်။
ဝန်းကျင်သည် လွန်စွာမှုန်ဝါးနေတာကြောင့် ကျန်းရှီနင်သည် မျက်နှာအမူအရာတစ်ခုလုံးကို မမြင်ရပဲ တွန့်ကွေးနေသော မျက်ခုံးရိုးများကိုသာ မြင်နေရသည်။

လုရှီကျိုသည် သတိပေးလာပြန်၏။

"မျက်လုံးကိုအသုံးမပြုတဲ့သူမလို့အတွင်းအားတွေကိုမြင်နိုင်စွမ်းရှိတယ်..အနောက်ကနေကပ်လိုက်မှရမယ်..ဖြည်းဖြည်းလျှောက်လို့လည်းမဖြစ်ဘူး"

ထိုစကားနှင့်အတူ ပထမကျောက်တိုင်ထက် ဖြည်းညှင်းစွာ ခြေချနင်းလိုက်သည်။

အဘိုးအိုလျူသည်လည်း အနောက်ကကပ်၍ လိုက်ပါသွားသည်။ တစ်သက်တာလုံး လှေလှော်ခဲ့ရသော ဒဏ်ကြောင့် ခါးရိုးများမှာကွေးလျက် ခါးကုန်းနေရာ သက်ကြီးတစ်ယောက်နှယ် ရွေ့လျားတက်သည်။ အဘိုးအိုတစ်ဦးပင် အသံတစ်သံမှမထွက် အသက်ရူသံပင်မပြင်း တည်ငြိမ်မှုရှိလှရာ ကျန်းရှီနင်လည်း ကြောက်စရာ စိုးစဥ်မျှမရှိလောက်ဟု ခံစားလာသည်။

ရွှမ်းမင်သည် လုရှီကျိုနှင့် အဘိုးအိုလျူကို သုံးလှမ်းအကွာမျှအထိ စောင့်ပြီးမှ ဆက်လျှောက်လိုက်၏။ အလျင်လိုခြင်းကင်းသလို အချိန်ဖြုန်းခြင်းလည်းမရှိ။

ကျန်းရှီနင်နှင့် လုနျယ်ချီလည်း အနောက်ကလိုက်ရုံသာ။

ဘေးကကြည့်ရသည်မှာ ကြောက်မက်ဖွယ်ကောင်းပင်မယ့်လည်း တကယ်တမ်း မတ်တပ်ရပ်မိချိန်ကိုတော့ မယှဥ်နိုင်။ ကျန်းရှီနင်သည် ကျောက်တိုင်၏ အရွယ်အစားနှင့် အမြင့်ကို သိချင်လွန်း၍ မအောင့်အီးနိုင်တော့ပဲ အောက်ကိုငုံ့ကြည့်လိုက်၏။ ကျောက်တိုင်၏ လေးထောင့်ပုံခြေနင်းစရာ အရွယ်အစားမျက်နှာပြင်သည် ရင်ထိတ်ဖွယ်ရာကောင်းအောင် ကျဥ်းမြောင်း၏။ အနက်မည်မျှမသိနိုင်သော မည်သို့သောရေများမှန်း မသေချာသော မည်းမှောင်နေသော ရေကန်ထဲ ဘယ်အချိန်မဆို ပြုတ်ကျသွားနိုင်သည်။ ခြေထောက်နှင့် ရေမျက်နှာပြင်သည် အကြမ်းဖျဥ်း တစ်ကျန့်မျှ ကွာဝေးပုံရ၏။

ဖျက်ကနဲကြည့်ပြီးနောက် ကျန်းရှီနင်ခေါင်းထဲ ဝှမ်ကနဲအသံ မြည်ဟီးလာကာ အနည်းငယ်မျှ မူးရိပ်ရိပ်ဖြစ်လာသည်။ ချနင်းသွားသော ကျောက်တိုင်များသည် တသီးတသန့်ဆီ ဖြစ်သည်။ ကွယ်ဝှက်ထားသော လမ်းစဥ်များ ရှိပုံရသည်။ ဤတစ်ခုသည် ချနင်းလို့ရပေမယ့် ကျန်တစ်ခုကတော့ ရှောင်ရှားရမည်။ အကုန်လုံးသည် လုရှီကျိုဦးဆောင်မှုနောက်ကပဲ လိုက်ပါသွားကြ၏။

သို့ပေမယ့် ကျန်းရှီနင်စိတ်ထဲ လုံခြုံသည်ဟု မခံစားရ။ လုရှီကျိုနှင့် အဘိုးအိုလျူသည် ရွှမ်းမင်နှင့် အကြမ်းဖျဥ်း နှစ်ကျန့်အကွာမှာရှိ၏။ ရွှမ်းမင်သည်ရှေ့သူနှစ်ဦးနင်းချသွားသောကျောက်တိုင်များကိုအသေအချာမြင်နိုင်ပါမလား?

ဤအတိုင်းပဲ ခုနှစ်လှမ်းရှစ်လှမ်း ပြတ်တောင်းပြတ်တောင်း လှမ်းပြီးနောက် တစ်စုံတစ်ရာ မူမမှန်တော့သည်ကို ကျန်းရှီနင်သတိပြုမိသွားသည်။

"ရေတက်လာတယ်လို့ဘာလို့ခံစားနေရတာလဲ?"

ကျန်းရှီနင်အသံသည် အသက်ငင်နေသောသူတစ်ဦးနှယ် စူးရှနေ၏။

"ရေ?!"

အရှေ့မှာရှိနေသော လုနျယ်ချီသည် ရပ်တန့်သွားပြီး တစ်ကိုယ်လုံးတောင့်တင်းလျက် တုပ်တုပ်မှမလှုပ်။

"အောက်မှာရေတွေလား?"

"ငုံ့မကြည့်နဲ့"

အရှေ့မှလုရှီကျိုသည် အော်ဟစ်လာတော့၏။

ဒုက္ခပဲ!

ထိုမှသာ လုရှီကျိုရှေးဦးစက သတိပေးခဲ့သည်ကို ကျန်းရှီနင်အမှတ်ရသွားသည်။ သို့ပေမယ့် အချိန်နှောင်းလို့နေပြီ။ လုနျယ်ချီသည် ရှေ့ဆက်မလှမ်းတော့ပဲ ရုတ်ချင်းဆောင့်ကြောင့်ထိုင်ချကာ တိုင်ထိပ်တွင် ကပ်တွယ်နေတော့၏။

"ငါ..ငါဆက်မလျှောက်တော့ဘူး..ပြန်သွားရမယ်..ပြန်သွားချင်တယ်.."

တဖြည်းဖြည်းနှင့် ခြေမကြွတကြွ အနောက်သို့ ပြန်လှမ်းတော့သည်။ ချနင်းခဲ့သော ကျောက်တိုင်သည် ယခုတွင် အနောက်မှ ကျန်းရှီနင်က ရပ်နေသည်ဖြစ်ပြီး ကြောက်စိတ်မွန်လျက် ကျန်းရှီနင်ဘေးနားရှိ ကျောက်တိုင်ကို နင်းချလိုက်တော့သည်။

"အဲ့ဒါကိုမနင်းနဲ့!"

ကျန်းရှီနင်လည်း လက်ဖြင့်ဆွဲရန် ကြိုးစားပေမယ့် မမှီလိုက်တော့။ သူကိုယ်တိုင်ပင် ကျောက်တိုင်မှ ပြုတ်ကျတော့မလိုတောင် ဖြစ်သွားသည်။

ကျောက်သားအစိုင်အခဲများသည် ခြေထောက်အနားမှ ဖြတ်သွားကျပြီး ရေနက်ထဲ လိမ့်ဆင်းသွားကြသည်။ ပလုံမြည်သံနှင့်အတူ ရေစက်များ လွင့်စင်လာသည်။

ရွှမ်းမင်အိတ်ကပ်တွင် ခိုလှုံနေသော ရွှေလုံးရွှဲ့ရှန်ကိုယ်၌လည်း ရင်ဘက်ထဲ နှလုံးစိုင်တစ်စိုင် ပေါက်ဖွားလာသကဲ့သို့ ဒုတ်ကနဲ ရုတ်ချင်း ခံစားလိုက်ရသည်။ သို့သော်ငြား လက်ရှိတွင် ရွှေလုံးတွင်ခိုကပ်နေသော ဝိညာဥ်သာသာဖြစ်၍ ခန္ဓာကိုယ်လည်းမရှိရာ နှလုံးသားရှိဖို့က မဖြစ်နိုင်။

မိန်းမောနေသော အခြေအနေမှ အသံတစ်သံကို ရေရွတ်မိပြီး အသိစိတ်တဖန် ပြန်လည်လွတ်သွားပြန်သည်။

ကျောက်သားကျောက်စိုင်များ ရေထဲပြုတ်ကျသွားရာမှ ထွက်ပေါ်လာသောအသံကြောင့် လုနျယ်ချီတစ်ယောက် ထိတ်ပြာသွားတော့သည်။ ဘာတွေးနေသလဲအား မည်သူမျှမသိနိုင်ပေမယ့် တစ်ချိန်တည်းမှာပဲ တုန်ယင်လာကာ အသံကလည်း ပိုပြီးထိတ်လန့်တကြားဖြစ်လာသည်။

"ငါ—"

တစ်လုံးသာထွက်နိုင်လိုက်ပြီး ခြေထောက်အောက်ခြေမှ ရေငြိမ်သည် လှုပ်ရှားထကြွလာရာ ပြောလက်စက ရပ်တန့်သွားသည်။ သေဆုံးနေသော အလောင်းကောင်သည် ရုတ်တရက် အသက်ပြန်ဝင်လာသည့်နှယ်။ အကန့်အသက်မရှိ ကြီးမားသောလှိုင်းလုံးများသည် လူအများအရှေ့ ဦးတည်လိမ့်ဆင်းလာတော့၏။

ဗုန်း—

ဟိန်းဟောက်မာန်သွင်းလာသော လှိုင်းဒဏ်ကြောင့် တမဟုတ်ချင်းပင် ရွှဲစိုသွားကြသည်။

"ဒုတ်—"

ရင်ခုန်သံနောက်တစ်ချက်။ ရွှဲ့ရှန်သည် သွေးလွှတ်ကြောနှင့် သွေးပြန်ကြောများ ခန္ဓာကိုယ်အနှံ့ ပြန့်ကားထွက်လာကြသည့်နှယ် ခံစားလာရ၏။ သွေးများဆူပွက်လာကာ ကျောရိုးတစ်လျှောက် ရစ်ခွေစီးဆင်းနေသည့်နှယ်။

သို့သော်လည်း အနှီခံစားချက်သည် အဆုံးမရှိ ပူလောင်ခြင်းများထဲ အဆက်မပြတ် နစ်မြုပ်သွားပြန်၏။

"အမြန်!"

လုရှီကျိုအသံသည် လှိုင်းလုံး၏ ဟိန်းဟောက်နေသံကိုကျော်ကာ ထွက်ပေါ်လာ၏။

ကျောက်တိုင်အစွန်းကို မြဲမြံစွာကုပ်တွယ်ထားသော ကျန်းရှီနင်သည် တုံ့ပြန်ရန် အခွင့်အလမ်းတောင်မရှိလိုက်ပဲ လည်ပင်းနောက်ကို တစ်စုံတစ်ယောက်မှ အားနဲ့ရိုက်လိုက်သလို ခံစားလိုက်ရသည်။ ဖောက်ကနဲဆိုသလို စက္ကူအသွင်သို့ ပြောင်းလဲသွား၏။

ထို့နောက် ရွှမ်းမင်မှ ကောက်ယူလိုက်ပြီး ကြောက်လန့်တကြား အော်ဟစ်နေသော လုနျယ်ချီကိုဆွဲကာ အရှေ့သို့ဖြတ်လတ်စွာ လှမ်းလျှောက်တော့သည်။

အမည်းရောင်လှိုင်းလုံးများသည် ရပ်တန့်မည့်ပုံ မပေါ်သည့်အပြင် ရေအမြင့်ပေမှာလည်း လျှင်မြန်စွာ တိုး၍လာသည်။

ကောင်းကင်ဘုံကို လှုပ်ခါစေသော လှိုင်းလုံးများအကြား ရှိနေသော်ငြားလည်း ရွှမ်းမင်ခြေလှမ်းများသည် ရပ်တန့်ခြင်းမရှိ လျှင်မြန်သလို တသမတ်တည်းမြဲမြံ၏။

လုရှီကျိုသည် အရှေ့မှအော်ဟစ်လာ၏။

"မရတော့ဘူး..ပိုမြန်မှဖြစ်မယ်..ရေတွေကစောပြီးတက်လာတယ်..အရင်တစ်ကြိမ်တုန်းကထက်တောင်မြန်တယ်..အခြားတဖက်ကိုအမှီရောက်ပါ့မလားမသိဘူး..အမြန်!"

စကားပင် မဆုံးလိုက်သေး။ နောက်ထက် ရေလှိုင်းကြီးက ရောက်ရှိလာပြန်သည်။

လုနျယ်ချီသည် ရေအများအပြားကို မြိုချပြီးနှင့်နေပြီ။ အရိုးအသားတွေထိတောင် ရွှဲစိုစေကာ ရူသွင်းလိုက်ချိန် တစ်ချက်တိုင်းမှာလည်း ပုတ်သိုးစိုစွတ်နေသော အနံ့သက်ဆိုးများနှင့် ပြည့်နှက်နေသည်။ ကြီးမားသောလှိုင်းလုံးများသည် သနားညှာတာမှုကင်းမဲ့စွာ အဆက်မပြတ် တိုးဝင်နေတော့၏။ မျက်စိတစ်မှိတ်အတွင်းမှာတင် ရေမျက်နှာပြင်သည် ခြေကျင်းဝတ်ကနေ ပေါင်လယ်အထိတောင် မြင့်တက်လာခဲ့သည်။

နောက်ထပ်တစ်ကြိမ် ရေနှင့်အရိုက်မခံရခင် မျက်နှာထက် တင်နေသော ရေစက်များကို သပ်ချလိုက်သည်။ ဘယ်သောအခါမှ ခြောက်သွေ့အောင် လုပ်နိုင်မည် မဟုတ်သလို၊ ဘယ်သောအခါမှ ရေထဲက လွတ်မြောက်နိုင်မည် မဟုတ်သလို၊ အမြဲတမ်း နစ်မြုပ်တော့မည့် နှုတ်ခမ်းဝသို့ ရောက်ရှိနေသည့် သူတစ်ဦးနှယ်။

ထိုခံစားချက်ကို အသေအချာသိသည်။ လွန်ခဲ့သော ခုနှစ်နှစ်ရှစ်နှစ်ခန့် အနှီမြစ်ဆီ ပြန်ရောက်သွားသော ကလေးတစ်ဦးနှယ် ပြင်းထန်လှသော ခံစားချက်များက တိုးဝင်ရောက်လာတော့သည်။

ဆုပ်ကိုင်ထားသောလက်ကို ဖျတ်ကနဲရုန်းကန်လိုက်သော လူငယ်ကို ရွှမ်းမင်မျက်မှောက်ကျုံ့လျက် ကြည့်လာသည်။ တိုက်စားလာသော လှိုင်းလုံးများသည် လုနျယ်ချီထံမှ စိတ်ဒဏ်ရာရထားသော မှတ်ဥာဏ်များကို နိုးထစေပုံရ၏။ ဝန်ပိစေသော လူငယ်သည် ရူးသွပ်နေသူတစ်ဦးနှယ် စူးစူးဝါးဝါး အော်ဟစ်ရုန်းကန်ရင်း လိုက်ပါဖို့ အကြောက်အကန် ငြင်းဆန်နေသည်။

Copper Coins《铜钱龛世》Where stories live. Discover now