"လုပ်ရက်လိုက်တာ ကိုးလ်ရာ...ကလေးတွေကို လိုက်မြူစွယ်ရသလား...။ ဒုက္ခပါပဲ..."

လေးလေးသည် သူ့အား ကြည့်၍ ရဲဆီဖုန်းပြေးဆက်ရမလိုလိုဖြစ်နေတော့၏။ သို့သော်လည်း သူပြောထားသည့်အတိုင်း အတင်းခေါ်လာသော ပုံမပေါ်ပေ။ ကောင်လေးဟာ လိုလိုလားလားနှင့် လိုက်ကပ်နေသောကြောင့် လေးလေးခေါင်းယမ်း၍ ထမင်းအသင့်ပြင်ထားတော့၏။

"မင်းလည်း သစ်မလား..."

သွားတိုက်တံကိုင်၍ သူမေးလိုက်သောအခါ ခေါင်းခါ၍ လက်ထဲရှိ သွားတိုက်တံကိုသာ သူစိုက်ကြည့်သည်။ သွားတိုက်ပြီးသည့် အထိ သူ့နံဘေးတွင်ကပ်ရပ်နေ၍ လုပ်သမျှ အမူအရာများအားလုံးကို လိုက်မှတ်နေသည်။ မြူဇံ၏ အကြည့်များဟာ စိမ်းလဲ့လဲ့ဖြင့် ရွှန်းရွှန်းစားစားရှိနေသည်။ တောက်ပနေသော ရွှေသမင်မျက်လုံးလေးများလို အစိမ်းရောင်များက မျက်ဆံအတွင်းဖက်တွင်ခြယ်သထား၏။

မျက်နှာသစ်ပြီးသည်နှင့် အိမ်ရှေ့ရှိရေကန်အနားတွင် အသင့်လှမ်းထားသော မျက်နှာသုတ်ပါဝါကိုယူ၍ သူမျက်နှာသုတ်သည်။ ထမင်းစားရန်အတွက် မီးဖိုခန်းထဲဝင်ရန်လုပ်သောအခါ သူကလိုက်မဝင်ဘဲ ရေကန်အနားတွင်သာ ပေတေတေရပ်နေ၏။ကောင်လေးကို လှည့်ကြည့်သောအခါ နူတ်ခမ်းလေးကို အနည်းငယ်ဆူထား၍ လက်ချောင်းသေးသေးဖြင့် သူ့ရဲ့သွားတိုက်တံကို ညွှန်ပြသည်။

"ဘာဖြစ်ပြန်ပြီလဲ..."

"သွားတိုက်တံ..."

သူ့အား မရဲတရဲလှမ်းကြည့်နေတာလေးက အသည်းယားဖွယ်အတိပေ။ ထိုကောင်လေး ဘာဖြစ်ချင်မှန်း သူနားမလည်။ သူနှင့်ပတ်သက်မိလျှင် ဘယ်အရာကိုမှ သူနားမလည်ခဲ့ချေ။ ယခုလည်း သွားတိုက်တံကို လက်ညှိုးထိုးပြနေပြန်သည်။ ဗိုက်ဆာသည် ပြောသည့်လူက အချိန်ဆွဲ၍ ထမင်းစားရန်ပင်မေ့နေသလား။

"ယူချင်လို့လား..."

"..........."

မျက်နှာသုတ်ပါဝါကို ပုခုံးပေါ်တွင်တင်ထား၍ သူမျက်မှောက်ကြုတ်ကာမေးတော့ ကောင်လေးက ခေါင်းခါပြသည်။ သူဘာဖြစ်ချင်လဲဆိုတာမပြောသောကြောင့် ကိုးလ်အား မေးစေချင်လို့ထင်ရ၏။

[ကိုးလျ]ကိုးလ် [Complete] Where stories live. Discover now