Part 10

1.6K 215 42
                                    

Unicode

8:00am :
"ခွေးပေါက်လေးရေ နိုးပြီလား?"

8:05am :
"Morning Jakeu Jakeu ☀️❤️"

8:15am :
"မနိုးသေးဘူးလားဟင်? ဖတ်လည်းမဖတ်ဘူး ကိုယ့်msgတွေကို :(("

8:18am :
"အရမ်းချစ်တယ် ဂျယ်ယွန်းလေး<3"

8:20am :
"ဒုက္ခပါပဲ ကိုယ်အရမ်းလွမ်းနေပြီ အချစ်ရေ"






​Laylaနဲ့တူတူ မနက်စောစော လမ်းထလျှောက်၊ အပြင်ထွက် လေ့ကျင့်ခန်းလုပ်ရင်း ဖုန်းကိုအခန်းထဲမှာမေ့ထားခဲ့မိတာ....။


မနက်စာစားပြီးမှ အခန်းထဲပြန်ရောက်လို့ နာရီကြည့်မိတော့ အချိန်ကမနက်8နာရီခွဲ။

အဲ့အခါမှ ဖုန်းကိုစစ်ကြည့်မိတော့ ထင်တဲ့အတိုင်း ဟန်းဂုမြေက messageတွေ တစ်သီတစ်တန်း။






နှစ်ယောက်က ရည်းစားစဖြစ်တည်းက အခေါ်အဝေါ်တွေက ကြုံသလို ခေါ်နေကြတာမို့ ဘာတွေဘယ်လိုမှန်းကိုမသိတော့။

ပိုအသက်ကြီးသလိုလို ဟန်လုပ်ချင်တဲ့ ဆောင်းဟွန်းက သူ့ကိုယ်သူ "ကိုယ်"ဆိုတဲ့နာမ်စားသုံးပြီး ကျွန်တော့်ကို "ခွေးပေါက်လေး,ဂျယ်ယွန်းလေး, အချစ်"စသည်ဖြင့် အမျိုးစုံ ကြုံသလို ခေါ်တတ်ပေမဲ့

သူချွဲချင်တဲ့အခါ၊ လိုချင်တာရှိတဲ့အခါမျိုးကျ
သူက အလိုလိုပြန် အငယ်ဖြစ်သွားပြီး သူစိတ်ကူးပေါက်ရင်ပေါက်သလို ကျွန်တော့်ကို "ကိုကို"ဆိုပြီးလည်း ထ,ထခေါ်တတ်သေး....။

ကျွန်တော်ကတော့ သူ့ကို "ဟွန်းနီး" လို့ပဲခေါ်မိတာများပါသည်။ ဒါမှမဟုတ် "ဟွန်း"ပေါ့။

စိတ်တိုတဲ့အခါ "မင်းနဲ့ငါ"ဆိုပြီး စသုံးမိတတ်သူကတော့ ကျွန်တော်။





ကိုရီးယားက Aussieထက် 1နာရီအတိ နောက်ကျတာမို့ အခုဆိုဟန်းဂုမှာ မနက်၇နာရီခွဲပေါ့။


It's YOU,my SOULMATE | SUNGJAKE✅Where stories live. Discover now