Part 5

1.8K 244 55
                                    


Unicode

"အဖျားလည်းရှိပြီး အားနည်းနေတုန်း စိတ်ရောလူရော ပိုပင်ပန်းသွားလို့နေမှာပါ။ dripသွင်းပေးထားတာမို့ ညနေကျောင်းဆင်း သူနိုးလာရင် သားကပဲ သေချာဂရုစိုက်ပြီး အိမ်ပြန်ပို့ပေးလိုက်ပါနော်"

ကျောင်းဆေးခန်းက ဆရာဝန်ပြောစကားကို နားထောင်ရင်း စိတ်မကောင်းဖြစ်မိသည်။

ဒီလောက်အထိ ဖြစ်အောင်လုပ်မယ်လို့ မရည်ရွယ်ပေမဲ့ ဒီခပ်ပျော့ပျော့ကောင်လေး သူ့ရှေ့မှာတင် မူးမေ့လဲသွားသည့်မြင်ကွင်းက ဆောင်းဟွန်းအတွက်တော့ စိတ်မကောင်းစရာအတိ။


နောက်နောင် သူ့ကြောင့်တော့ ဂျယ်ယွန်းတစ်ခုခုအထိခိုက်မခံနိုင်တော့ပါလို့ စိတ်ဆုံးဖြတ်မိသည်။

ရှားရှားပါးပါး ဘဝမှာပထမဆုံး
အများကြီးသဘောကျမိတဲ့သူပဲလေ။

အစက ဝေးဝေးနေပြီး ကိုယ့်ခံစားချက်ကိုကိုယ် မသိချင်ယောင်ဆောင်ပစ်ဖို့လုပ်မိခဲ့ပေမဲ့

အခုဂျယ်ယွန်းဒီလိုမျိုးထိ ဖြစ်သွားတာကို ဆက်ပြီး မသိကျေးကျွန်ပြုနေရလောက်အောင်လည်း သူ့အသည်းက မမာပါ။

စိတ်ပြောင်းသွားတယ်လို့ပြောရအောင်လည်း

တကယ်ဆိုသဘောကျရတဲ့သူမို့
ကိုယ်ကတောင် ကာကွယ်ပေးရဦးမှာလေ။

ဒါပေါ့

ကာကွယ်ပေးရမှာလေ။

​ဖုံးကွယ်ထားတယ် ထွက်ပြေးတယ်ဆိုတာမျိုးက လုပ်ကောင်းတဲ့အရာတွေမှမဟုတ်ပဲ။

အတတ်နိုင်ဆုံးရိုးသားသင့်တာပေါ့

အထူးသဖြင့် နှလုံးသားကိစ္စကို...။















"ဂျယ်ယွန်း နိုးလာပြီလား"

"..."

"ငါခုနကတောင်းပန်ပါတယ်။ ငါပြောတာတွေမေ့လိုက်ပါနော်။ ငါတကယ်မရည်ရွယ်ပါဘူး"

ကုတင်ပေါ်က ဂျယ်ယွန်းက သူ့ပုံစံအတိုင်း နှုတ်ခမ်းစူစူလေးနဲ့ ကျွန်တော့်ကိုစိုက်ကြည့်နေသည်။

"သေချာလို့လား?"

"အွန်...ဘာကိုလဲ?"

"မင်းခုနပြောတာလေ? ငါကြောင့်စိတ်ညစ်ရတယ်ဆို! ငါက အနှောက်အယှက်ပဲဆို!"

It's YOU,my SOULMATE | SUNGJAKE✅Where stories live. Discover now