Part 8

1.7K 219 15
                                    

Unicode

​ဒေါက် ဒေါက်!

"ဂျယ်ယွန်း ငါဝင်ခဲ့မယ်နော်"

"..."

"မေးစရာရှိလို့...မင်းဒီနေ့အချိန်ပိုင်းအလုပ်နားတယ်မလား?"

"အင်းဟုတ်တယ် ဘာဖြစ်လို့လဲ?"

"အဲ့တာဆို ငါနဲ့အတူတစ်နေရာသွားကြမလား?
ဒီနေ့က နှစ်ဝက်စာမေးပွဲပြီးလို့ ကျောင်းပိတ်တာ နောက်ဆုံးရက်ဆိုတော့လေ။ မင်းလည်းအရင်နေ့တွေက အချိန်ပိုင်းလုပ်နေတာနဲ့ ဘယ်မှမသွားရဘူးမလား"

နေပါဦး ပတ်ခ်ဆောင်ဟွန်းတို့
မလိမ့်တပတ်နဲ့
ဒါက Dateလုပ်ဖို့ခေါ်နေတာမဟုတ်ဘူးလား?

ကျန်တာတွေ ဝေးပေမဲ့ ဒါကို မရိပ်မိရလောက်အောင် ရှင်းမ်ဂျယ်ယွန်းက မ,တုံးသေးပါဘူးနော်...။


"အားတာကအားပါတယ် ဒါနဲ့ဘယ်ကိုသွားမှာလဲ?"

"ရောက်ရင်သိလိမ့်မယ်ကွာ!"

"..."

ကျွန်တော်ကခပ်တွေတွေနဲ့ အင်းမလုပ် အဲမလုပ်လုပ်နေတော့

"ဂျယ်ယွန်းရယ် သွားရအောင်ပါ!
ဒီကျောင်းပိတ်ရက် မင်းအနားနေချင်လို့ ငါ့မှာအိမ်တောင်မပြန်ပဲ နေနေပေမဲ့ မင်းကတော့ အချိန်ပိုင်းအလုပ်တွေပဲသွားနေတာလေ။
ငါအခု အရမ်းပျင်းနေပြီ! အဲ့တာကြောင့် မင်းတာဝန်ယူရမယ်!"

"ရုတ်တရက်ကြီး ဘာကိုတာဝန်တုန်း?"

"မရဘူး မင်းတာဝန်ယူပြီး အခုငါနဲ့အပြင်သွားရမယ်! လာပါကွာ နော်နော်"

တာဝန်ယူစကားတွေရော ဘာတွေရော ခပ်မာမာကြီးပြောရင်း ရုတ်တရက် ကလေးလိုလို အသံကပြောင်းသွားပြီး နော်နော် တွေထည့်ပြောလိုပြော၊
ပြောရင်း ဆိုရင်း လက်မောင်းကိုပါဆွဲလှုပ်လိုလှုပ် လုပ်လာတာမို့ နည်းနည်းလန့်လာသည်။

ပတ်ခ်ဆောင်းဟွန်း စိတ်ရောမှန်သေးရဲ့လား?

ကျွန်တော့်ကိုအကြိုက်လွန်ပြီး ရူးများသွားပြီလား?


"Aish!! ပြီးရော ပြီးရော ငါအဝတ်လဲဦးမယ် အပြင်မှာ ခဏစောင့်"

"ok ok"

It's YOU,my SOULMATE | SUNGJAKE✅Where stories live. Discover now