အခန်း ၂၂[မျက်မမြင်ဟူးရား ၅]

Start from the beginning
                                    

"ကြည့်ရတာတစ်ယောက်ယောက်ကတော့တစ်ခုခုပြောလိုက်ပြန်ပြီထင်တယ်..အခုပဲ..မင်းမကြားဖူးလား?"

ရွှဲ့ရှန်ရေရွတ်လာ၏။

"အရမ်းတိုးညှင်းလွန်းတယ်"

ရွှမ်းမင်တကယ်ပဲ ဘာမှမပြောခဲ့တာ သေချာလားသိချင်၍ ထိုစကားဆိုရင်းနှင့်ပင် အပေါ်ကိုမော့ကြည့်လိုက်သည်။ ရွှမ်းမင်မျက်နှာထက် ရောက်ရှိလာသည်က ဒွါဟငါးပေါက်မှ စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ရာ တစိမ့်စိမ့်ထွက်ကျနေသော သွေးမျက်နှာနှင့် မလှုပ်မယှက် စိုက်ကြည့်နေသော မင်ရည်ဆိုးမျက်လုံးများ။

ရွှမ်းမင် ; "…"

သူ့အကြည့်သည် ရွှဲ့ရှန်ထံသို့ တဖြုတ်မျှသာရောက်လာပြီးနောက် လက်နှင့်မကောင်းဆိုးဝါးမျက်နှာပြင်ကို ဖုံးကာလိုက်သည်။ တည်ငြိမ်ပြတ်သားသောအဖြေကို ချမှတ်လာ၏။

"ဒီနေရာမှာကြောက်စရာအကောင်းဆုံးကမင်းပဲရှိတယ်"

ရွှဲ့ရှန်စိတ်မရှည်လှစွာဖြင့်

"ရာရာစစငါ့ခေါင်းကိုများလာကိုင်ရဲတယ်..မင်းလုပ်ချင်ရာလုပ်ဖို့အတွက်ငါ့ခေါင်းကိုထုတ်ပေးထားတယ်ထင်နေလား?အဲ့လက်ချောင်းတွေကိုမလိုချင်တော့ဘူးထင်တယ်!"

ဘေးနားမှာရပ်နေသော ကျန်းရှီနင်သည် ခပ်တိုးတိုးနှင့် ဝင်ပြောလာ၏။

“ဘက်မလိုက်ပဲပြောရရင်ဆရာတော့်ရဲ့လက်ကိုမင်းခေါင်းနဲ့တိုက်ခိုက်မယ်ဆိုရင်ရှုံးမှာကမင်းပဲဖြစ်မှာသေချာတယ်..ဘာပဲဖြစ်ဖြစ်မင်းရဲ့စက္ကူခေါင်းကတစ်ချက်ဆွဲရုံနဲ့ပြဲသွားမှာပဲ"

ရွှဲ့ရှန် ; "…"

ရန်ဘက်နှင့် ရင်ဆိုင်တွေ့ရတော့မည့် အရေးကြီးသောအချိန်ဆိုလျှင် တစ်ဖက်မှ ရပ်တည်ပေးမည့် သကောင့်သားများက ရှိနေကြစမြဲ။

ရွှမ်းမင်လက်ကို ဖယ်ခွာရန် အလုပ်များနေရာ သူ့မျက်နှာက ရွှမ်းမင်၏ လက်ချောင်းများထဲ နစ်မြုပ်နေဆဲ။ အမှောင်ထဲဆီမှလာသော ရွှမ်းမင်အသံနှင့်တူသည့် ကျမ်းစာရွတ်သံကို ထပ်မံအားစိုက်နားထောင်ကြည့်သော်လည်း ဘာသံမှမကြားရတော့။သူ့ကိုယ်သူပင် သံသယဝင်လာတော့သည်။ ငါများအကြားမှားတာလား?

Copper Coins《铜钱龛世》Where stories live. Discover now