Chapter(241) - အထီးကျန်ကြယ်

Start from the beginning
                                    

လင်လျိုချွန်းကယန်ထျန်းဟန်ကို ကြည့်လိုက်ပြီးသူ့အား,အာရုံစူးစိုက်မှု မရှိလုပ်နေတာကိုရပ်ကာသတိထား နေထိုင်ရန်ပြောလိုက်သည်။

ယန်ထျန်းဟန်ကခေါင်းညိတ်ပြ၏။

"စတုတ္တအကြီးအကဲစိတ်မပူပါနဲ့, ကျွန်တော့မှာအကိုကြီးရဲ့ကာကွယ်မှု ရှိနေသေးတာပဲဟာကို!ဟုတ်တယ် မှတ်လားကိုကြီး?"

လင်ရွှမ်းဇီကတစ်ခစ်ခစ်ရယ်လေသည် "ဒါပေါ့"

လင်ရွှမ်းဇီရဲ့အလှအပကပထမတန်း နေရာမှာရှိနေပြီးသူ့ရဲ့ပုံမှန်အေးစက်စက် နဲ့လျစ်လျူရှုထားတတ်တဲ့အသွင်အပြင် ကတောင်တစ်ခြားသူတွေသူ့ဆီကနေ အကြည့်မလွှဲနိုင်အောင်လုပ်နိုင်နေတာ ဒီလိုညင်သာသိမ်မွေ့တဲ့ရယ်မောဟန်နဲ့ ဆိုရင်အေးစက်တဲ့ဆောင်းရာသီမှာ မက်မွန်ပွန်းတွေပွင့်ဖူးလာသလိုမျိုး အရာအားလုံးကသူ့ထံဦးညွှတ်မိကြ လိမ့်မည်။

ဒါကတကယ့်ကိုလှပတဲ့မြင်ကွင်းတစ်ခု ဆိုတာလင်လျိုချွန်းသဘောတူသော် လည်းသူ့နှလုံးသားကတော့အခုချိန်မှာ နှိုင်းယှဉ်လို့မရနိုင်အောင်အသက်ရှုမဝ ဖြစ်နေရသည်။သူ့မိသားစုက,ကလေး နှစ်ယောက်ကသတိပေးချက်တစ်စုံ တစ်ရာမရှိပဲအတူတူဖြစ်နေကြပြီ,ပြီးတော့ အဲ့ဒါကလည်းသူ့နှာခေါင်းအောက်မှာ တင်ဖြစ်သွားတာ....အနာဂတ်မှာသူ လင်ကျန်ကိုတွေ့ရင်ဘယ်လိုများဖြေရှင်း ရပါ့မလဲ?

လင်လျိုချွန်းကအနည်းငယ် ဒေါသထွက်လာသည်။

"အားဟန်မင်းအခန်းကိုအရင်ပြန်ပြီး သွားအနားယူတော့,ငါမင်းအကိုကြီးနဲ့ ပြောစရာတစ်ခြားကိစ္စတွေရှိသေးတယ်"

ယန်ထျန်းဟန်ကလင်ရွှမ်းဇီနဲ့ ခဏလောက်ချစ်ခင်ကြင်နာလို သော်လည်းလင်လျိုချွန်းကဒီစုံတွဲကို ခွဲလိုက်လေတယ်,ထို့ကြောင့်သူက ချက်ချင်းလင်လျိုချွန်းကိုပေစောင်း စောင်းစိုက်ကြည့်လိုက်တော့သည်။

လင်လျိုချွန်း, "..."

မင်းကဒီလောက်ထိတောင် အရှက်မရှိရဲတင်းနေပြီပေါ့လေ? ဒီလောင်ဇီကမင်းတို့နှစ်ယောက် ကိုအခုချက်ချင်းမခွဲနိုင်ဘူးလို့ထင်လို့လား?

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now