•12•

954 170 26
                                    

Unicode

ဂျယ်ယွန်းပြန်သွားပြီးကတည်းက အိပ်ရာပေါ်လှဲနေတာ ညနေပင်စောင်းတော့မည် ။

လုပ်ချင်ကိုင်ချင်စိတ်လည်းမရှိ ။ စာလည်း စိတ်မဝင်စား ။

ဂျယ်ယွန်းကိုပဲထိုင်လွမ်းနေမိတာလား လို့မေးလာရင် မငြင်းနိုင်ပါ ။

မြင်နေရတာတောင် လွမ်းတယ် ။ မမြင်ရရင်ပိုလွမ်းတယ် ။

ချစ်တယ်ဆိုတာ အဲ့လိုတွေဖြစ်တတ်တာလား ။

စသတိထားမိတဲ့အချိန် အဲ့အချိန်

ရူးနေလို့ အဲ့လက်နဲ့စာရေးမှာလား ဆိုပြီး
ဘာမှမဆိုင်ပဲ ကိုယ့်ကိုလာပူပေးနေတဲ့ ဂျယ်ယွန်းကိုစတွေ့တဲ့အချိန် ။

အဲ့ကတည်းက သေချာသတိထားမိသွားခဲ့တာ ။
အတိတ်ကလူနဲ့အရမ်းတူလွန်းလို့။

ဒါပေမဲ့ ကျွန်တော့်အခြေအနေအပေါ်လိုက်ပြီး
သူ့ပုံစံနဲ့မကိုက်အောင် ကျွန်တော်နဲ့ဝေးဝေးရှောင်နေတယ်ဆိုတဲ့အသံကြားလိုက်ရတော့ နည်းနည်း
ကသိကအောက် ။

" ကျောင်းသားသစ်တွေရောက်တိုင်း အရမ်းဂရုစိုက်တဲ့ အတန်းခေါင်းဆောင်က အခုကျောင်းသားသစ်ကိုတော့ မပိုင်ဘူးထင်တယ် ။ "
တဲ့

မဟုတ်ပါဘူး ဂရုစိုက်ပါတယ် ။
သူ့ဂရုစိုက်မှုကို ငြင်းလိုက်လို့သာ ။

အရမ်းမရင်းနှီးတာတောင် ၊ ကျောင်းပြောင်းခဲ့ပြီးကတည်းက မရှိတဲ့ သူလိုနေတာတောင် ။
သူက ကိုယ့်ကို သတိထားပေးနေတယ်လို့ ခံစားရတယ် ။

အဲ့လိုပဲ သူကပဲ အရင်က ကိုယ့်ကိုယ်ကိုပြန်ရှာတွေ့အောင်လုပ်ပေးခဲ့သလို ကိုယ့်စိတ်ကို နားလည်ပေးနိုင်တဲ့ တစ်ယောက်တည်းသောသူလို့ ခံစားမိတာတော့အမှန်ပဲ ။

ဘယ်လိုချစ်သွားလည်းဆိုတာက ကိုယ်တိုင်လည်းနားမလည် ။ ဘယ်အချိန်ကလည်း ။

"မနေ့ကပဲပိုသေချာသွားခဲ့တာလား ။ "

တစ်ကိုယ်တည်းကြားရုံလေး ပြောပြီး စောင်ကိုလုံးခြုံလိုက်သည် ။ ဂျယ်ယွန်းရဲ့ ကိုယ်သင်းနံ့လေးတောင် နည်းနည်းရသလိုလို ။

STORYTIME [SUNGJAKE ] ✓Where stories live. Discover now