Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ

Start from the beginning
                                    

ထိုစကားများကိုကြားသောအခါ လင်ရွှမ်းဇီနားလည်သဘောပေါက် သွားသည်။မျှော်လင့်ချက်များနဲ့ ဆန့်ကျင်စွာပင်သူအခုရှန်ချောင်ကွန်း ကိုလေးတောင်လေးစားသွားမိတယ်— သူကလက်မောင်းတစ်ဖက်ဆုံးရှုံးသွား လို့ခံစားရတဲ့နာကျင်မှုကြားထဲကနေ တောင်အပြစ်ဒဏ်မခံရနိုင်မယ့် အလိမ်အညာတွေနဲ့အမှန်တရား ကိုပြောင်းပြန်လှန်နိုင်မယ့်နည်းလမ်း ကိုချက်ချင်းစဉ်းစားနိုင်တယ်လေ... ဒီလိုစိတ်ဓာတ်မျိုးကိုလူတိုင်းရနိုင် တာမဟုတ်ဘူး

ယန်ထျန်းဟန်ကမဲမှောင်နေတဲ့ အမူအယာနဲ့ကန့်ကွက်လိုက်သည်။

"မဟုတ်မှလွဲရောသူပြောသမျှ အားလုံးကအမှန်တရားဖြစ်သွား ရောလား?သူကမှရှင်းရှင်းလင်းလင်း ကြီးမီးကိုအခွင့်ကောင်းယူပြီးလူတွေ ဆီကလုယက်တဲ့သူဟာကို...ဒါပေမဲ့ သူကအားနည်းလွန်းလို့ရလဒ်အနေနဲ့ သူ့အပြစ်ဒဏ်သူခံရတာလေ...အဲ့ဒါကို အခုကျတော့ဘာဖြစ်လို့ကျွန်တော်တို့ အမှားဖြစ်သွားရတာလဲ?"

"ပေါက်ကရတွေ!"ရှန်မိသားစုအကြီး အကဲကစားပွဲခုံကိုရိုက်လိုက်ပြီး ထရပ်လိုက်သည်။

"အကယ်၍မင်းငါတို့ရှန်မိသားစုက လူတွေကိုကဲ့ရဲ့ချင်တယ်ဆိုရင်မင်းမှာ သက်သေရှိရမှာပေါ့!"

ယန်ထျန်းဟန်ကသူ့ကိုမျက်နှာ ချင်းဆိုင်လိုက်သည်။

"ခင်ဗျားတို့လည်းကျုပ်တို့လင်မိသားစု ကိုပြောချင်ဆိုချင်ရင်အရင်ဆုံးသက်သေ ပြလေ!"

ယန်ထျန်းဟန်ကနှုတ်ဖြင့်ရင်ဆိုင်ရတဲ့ အခါမျိုးမှာဘယ်တုန်းကမှမရှုံးဘူးပေ.. အခုသူ့မှာကျောက်ထောက်နောက်ခံ အနေနဲ့လင်ရွှမ်းဇီတစ်ယောက်လုံး ရှိနေတာကြောင့်ဒီလိုအငြင်းပွားမှုမျိုး မှာဆုံးရှုံးမှုအနည်းငယ်ပင်ခံရမှာ မဟုတ်ဘူူးဖြစ်သည်။

သို့သော်ဆုံးရှုံးမှုမရှိဘူးဆိုတဲ့ အဓိပ္ပါယ်ကတစ်ချိန်တည်းမှာ ဘာအကျိုးအမြတ်မှလည်း မရဘူးဖြစ်သည်။

နှစ်ဖက်လုံးကဖြစ်ပျက်ခဲ့သမျှ အတွက်ကိုယ်ပိုင်အမြင်ရှုထောင့် ရှိနေကြပြီးနှစ်ဖက်လုံးကလည်း တစ်ဖက်လူကလုံးဝမကောင်းဘူး ဟုပြောဆိုနေကြသည်။

(Book-2)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now