Epi-21

2.6K 227 12
                                    

Unicode

အချိန်ခဏစောင့်ပြီးသောအခါ ညီလေးစိုးပေါက်က စက်ဘီးလေးနဲ့ အိမ်ရှေ့ကနေ လာခေါ်လေသည်။

" ကိုကြီး လာ သွားကြမယ် "

ညီလေးခေါ်သဖြင့် ထိုင်နေရာမှ ထကာ အိမ်အောက်ဆင်းမည်အပြု

" ဟယ် မောင်လေး ဘယ်သွားဖို့လဲ ဟာ စိုးပေါက် နင့်အစ်ကို ကိုဘယ်ခေါ်သွားဖို့လဲ "

" ကိုကြီးက ဟိုဖက်တွေ မရောက်ဖူးသေးဘူးလေ သူမရောက်ဖူးသေးတဲ့ နေရာတွေ ပို့ပေးမလို့ပါဗျာ "

အကျိူးအကြောင်းပြောပြတော့ အစ်မက ‌

" အေး အေး ဂရုစိုက်သွားအုံးနော် စိုးပေါက် ကိုကြီးကို သေချာစောင့်ရှောက်နော် ကိုကြီးက သူစိမ်း နင်က ရွာခံ "

"အင်းပါ အစ်မရယ် စိတ်ချပါ ကဲ လာပါဗျာ နောက်ကျနေပြီ

အမြန်လာဖို့ ခေါ်နေသဖြင့် ဖိနပ်စီးကာ ညီလေးရဲ့ စက်ဘီး‌နား သွားလိုက်သည်။

" စိုးပေါက် မင်း ငါ့ကို နိုင်လို့လား ‌ကြည့်လဲလုပ်နော် တော်ကြာ နှစ်ကောင်လုံး ကြွနေမယ် "

" ဟီး မနိုင်ဘူး ကိုကြီး စက်ဘီး နင်းတတ်လား "

မေးလိုက်တော့ လူကို ဘုကြည့်လာကြည့်တဲ့ ကိုကြီးတတိုင်းရ ။

" ငါ မြို့မှာ ကားမောင်းနေကျ ကောင်ပါကွာ "

ပြောပြီး လက်ထဲမှ စက်ဘီးဂိုက်အား ယူလေတော့ လက်လွှတ်လိုက်ပြီး

" စကျွမ်းကြီးပေါ့ "

" ဘယ်ကသာ မနင်းတာကြာတော့ မသိဘူးလို့ ပြောမလို့ နင်းတုန်းကတောင် သူများခြံတွေ ခန ခန ဝင်တိုက်တယ် "

"မေးမိတဲ့ ငါ့အမှား " ဟုသာ စိတ်ထဲ ပြောလိုက်ရင်း ကိုယ့်နဖူးကိုယ် ရိုက်လိုက်မိတော့သည်။
ယုံကြည်လို့ရော ရပါ့မလား.......။

" ကိုကြီး ရပါ့မလား လမ်းလျှောက်ကြ......"

" ဘာလမ်းမှ မလျှောက်ဖူး လာ ငါ နင်းမယ် စိတ်ချ "
ဂလု...
" သား သား...  ယုံကြည်မယ်နော် "

"အေးပါဟ ယုံကြည်လိုက် နောင်တ ရစေရမယ် "

" ဗျာ......! "

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now