"ဆင့် အခုလက်တွဲပြီးလုပ်မဲ့ companyက KK companyပါအန်တီထား.....နာမည်ကြီးcompanyဆိုတော့ အရင်companyထက် အခွင့်အလမ်းတွေပိုများလာမှာပါ အန်တီထား စိတ်ပူစရာမလိုပါဘူး ။"

ရှင်းရဲ့ ဝင်ရောက်ထောက်ခံမှုကြောင့် ဒေါ်သက်ထားမေအနည်းငယ် စိတ်အေးသွားဟန်တူသည်။ ခဏအကြာတွင် သူမက ဆင့်ကို စောင်းငဲ့ကြည့်လိုက်ပြီး  စကားဆက်ပြောလာခဲ့သည်။

သားနဲ့ ရှင်းနဲ့က အရွယ်ရောက်နေပြီပဲ ကိုယ်ပိုင်အ‌တွေးအခေါ်နဲ့  ကိုယ်တိုင်လဲဆုံးဖြတ်တတ်နေပြီ။ပြီးတော့ ဒါကသားရဲ့လွတ်လပ်ခွင့် သားရွေးချယ်တာကို မေမေသဘောတူပါတယ်၊ ကန့်ကွက်စရာမရှိပါဘူး။ ဒါပေမယ့် KK companyဆိုတော့ မေမေတို့အိမ်နဲ့က တော်တော်ဝေးမှာ သားသွားရလာရခက်နေမှာပေါ့။

"သိပ်မဝေးပါဘူး မေမေရဲ့ ၂နာရီလောက်ပဲကားစီးရတာပါ။"

ဆင့်က ချက်ချင်းအဖြေပြန်ပေးလိုက်သော်လည်း မိခင်ဖြစ်သူက ထိုအဖြေအားကျေနပ်အားရမှု မရှိပေ။ ထို့ကြောင့် ဒေါ်သက်ထားမေ ထပ်မံပြောလာခဲ့သည်။

"မဟုတ်တာ သားရယ် companyနားမှာ condo လေးဝယ်နေပါလား။"

သူမက ဇွဲကောင်းလွန်းသည်ပင်။ သားဖြစ်သူကိုအလွန်ချစ်သည့်အတွက် အပင်ပန်းမခံရစေရန် တိမ်ယံဆင့်ထံ ထိုကဲ့သို့မကြာခဏပြောလေရှိ‌ပေသည်။ သို့သော် တိမ်ယံဆင့် ဆိုသည်မှာလည်း သူမ၏သားပင်မဟုတ်ပါလား။ဇွဲကောင်းမှုနှင့် ခေါင်းမာမှုက သူမဆီက အမွေရထားဟန်တူပါသည်။ အမြဲတစေတည်ရှိနေ မောက်မာမှု၊ မာနကြီးတို့ကတော့  တိမ်ယံ‌ဆင့် သူ့ဖခင်ဆီကအမွေရထားသော အရာများပင်ဖြစ်ပါလိမ့်မည်။အကြောင်းမှာ ထိုမောက်မာ မာနကြီးမှုတို့သည် ဒေါ်သက်ထားမေနှင့် လားလားမှမသက်ဆိုင်သလို ဆီနှင့်ရေလိုကွာခြားလှပေသည်။

"ကျွန်တော်တို့က သားအမိနှစ်ယောက်ထဲရှိတာလေ မေမေနဲ့ခွဲမနေနိုင်ပါဘူး။"

တိမ်ယံဆင့်၏ စကားအား ကျိုးကြောင်းဆီလျော်သောကြောင့် ရှင်း ကပါဝင်ရောက်ထောက်ခံလေသည်။

"ကျွန်တော်လည်း ဆင့်ပြောတာကိုသဘောတူတယ်အန်တီထား .....ဆင့် သာမရှိရင် အန်တီထားကိုဘယ်သူပြုစုမှာလဲ ကျွန်တော်လဲစိတ်မချဘူး။"

Hate Poem Written With Love࿐Where stories live. Discover now