Epi-20

2.8K 236 4
                                    

Unicode

စားသောက်လို့ အကုန်ပြီးစီးလို့ ယနေ့ ကျရောက်သော မွေးနေ့အလှူပါ အကုန်ပြီးသွားတော့မှ သူ့မိဘများနှင့် ကျွန်တော့်မိဘများ စကားအေးအေးဆေးဆေး ပြောကြတော့သည်။

"ညမလေးမြတ်ရဲ့ သားလေးက ချစ်စရာလေးနော် ညမလေးမြတ်နဲ့လည်း တူတယ် ကိုနေဒီနဲ့လည်း တူတယ် နော် ကို...."

သူ့ဟာသူ ပြောရုံတင်မဟုတ်ပဲ ကျွန်တော့်ကိုပါ စကားဝိုင်းထဲ ဆွဲသွင်းလေသော ချစ်ရတဲ့ ဇနီး။

" ဟုတ်တယ် ကိုနေဒီ သားငယ်လေးက နှစ်ယောက်လုံးနဲ့ တူတာ "

လေးယောက်သား စကားများပြောကြရင်း မနီးမဝေး စားပွဲမှာ ကမ္ဘာပျက်နေသော သားရတနာနှစ်ယောက်ကို လှမ်းကြည့်လိုက်ကြသည်။

" ကိုလောရှည် ဟိုပန်းကန်လေး ပေးပါအုံး ......"

ဘုန်းကြီးပွဲမှ ကျန်သော သစ်သီးများကို တစ်မျိူးပြီး တစ်မျိူး စုံအောင် စားနေသော ထိုကလေးငယ်။ သူ့ဘေးမှာတော့ သူ လက်ညှိုးထိုးသမျှကို မျက်နှာကြီး ပြုံးဖြီးပြီး အကုန်လုပ်ပေးနေတဲ့ ယနေ့ရဲ့ အဓိက မွေးနေ့ရှင်ကြီး။

သူတို့နှစ်ယောက်ကို ကြည့်ပြီး တတိုင်းရ၏မိခင်မှ စကားစလေသည်။

"သားကလေ တစ်ယောက်တည်းဆိုတော့ အရမ်းအဖော်မင်တာ မမရဲ့ မြတ်တို့ကလည်း သူ့အနီးမှာ အချိန်ပြည့်မရှိခဲ့တော့ သားက တစ်ယောက်ထဲ နေရပါများပြီး အမြဲ တစ်ယေညက်ထဲပဲ နေတော့တယ် သူ့သူငယ်ချင်းတွေကလွဲရင် အပြုံးအရယ် သိပ်မရှိတော့ဘူး တစ်ခါတစ်လေဆို သူ့မိဘတွေဖြစ်တဲ့ ကျွန်မတို့ကိုတောင် ပြုံးမပြဘူး"

မျက်လုံးထဲဝယ်မျက်ရည်တို့ ရစ်သိုင်းရင်း ကြေကွဲစွာ ဒေါ်မြတ်ခွါညိုရ တစ်ယောက် သားဖြစ်သူကို ကြည့်ရင်း ပြောလေတော့ အမျိူးသားဖြစ်သူကလည်း အလိုက်တသိ လက်လေးကို ဆုပ်ကိုင်စွာ အားပေးရှာသည်။

" ဘာထူးလို့လဲ ညမလေးရယ် သားခန့်ကလေ ဟိုး ငယ်ငယ်လေးထဲက အပေါင်းအသင်းမရှိခဲ့ဘူး သားမှာ အခုအချိန်ထိ သူငယ်ချင်းတစ်ယောက်ပဲ ရှိတယ် သားက အချိန်ပြည့် သူ့လုပ်ငန်းတွေကိုပဲ စိတ်နှစ်ထားတယ် တစ်အိမ်ထဲနေပြီး တစ်ခါတစ်လေမှ စကားပြောဖြစ်ကြသတဲ့ "

𝑴𝒚 𝑰𝒏𝒗𝒂𝒍𝒖𝒂𝒃𝒍𝒆 𝑭𝒂𝒏 (𝐶𝑜𝑚𝑝𝑙𝑒𝑡𝑒𝑑)Where stories live. Discover now