Zawgi
"အား..ခေါင်းကိုက်တယ်..အင့်..ဟင့်..ပူတယ်"
အသံသေးသေးလေးတွေထွက်ကာ တစ်ဟင့်ဟင့်ဖြင့်ငြီး
ငြူနေသောဂျောင်ကုကြောင့် အယ်ကွန်းကိုမြှင့်တင်ပေး
သော်ငြားအိင်္ကျီတွေဆွဲချွတ်နေလေသည်။"ဂျောင်ကုမချွတ်ပြစ်နဲ့လေ ပြီးရင်အေးနေလိမ့်မယ်"
"...."
စကားပြန်မရတော့ပဲပြန်လည်အိပ်သွားတဲ့ကောင်လေးရဲ့
ဆံနွယ်နုနုကို ခပ်ဖွဖွသပ်တင်ပေးပြီး နှဖူးလေးကိုနမ်းလိုက်မိသည်။ကိုယ်ကိုတိုင်လည်း ဘာလို့သတိလက်လွတ်
ဖြစ်နေပါလိမ့် တစ်ခါမှကိုယ်ဟာ သတိလက်လွတ်နမ်းတယ်ဆိုတာမရှိခဲ့ သို့သော်ငြားဒီကောင်လေးရှေ့မှာတော့
ဒူးအလိုလိုထောက်ရသည်။"အဟင့်..ဟင့်..အေးတယ်..ဟင့်..အင့်"
သိပ်မကြာပါအေးတယ်ဆိုပြီး ဟိုဆွဲဒီဆွဲဆွဲပြန်သည်။
သို့သော်ငြားပြန်ငြိမ်ကြသွားပြီးအိပ်နေတော့သည်။ မကြာ
ပါတစ်ယောက်တည်းနေတဲ့ အိမ်ကိုရောက်တော့ခြံတံခါးကိုဖွင့်ပြီး အိမ်ထဲကိုဝင်ထိုကောင်လေးကိုလည်းပွေ့ကာ
သယ်လိုက်တော့ ဘယ်လောက်တောင်စားထားတယ်မသိ
လေးလိုက်ထာဝက်ကလေးလိုပဲ။အိပ်ယာထဲအထိသယ်သွားပြီး အိပ်ယာပေါ်သို့လုံးထွေး
ကြသွားတော့နီးကပ်လှတဲ့မျက်နှာအနေအထားကြောင့်
ရင်ထဲလှုပ်လှုပ်ခတ်ခတ် နှာသီးဖြားနီနီလေးကိုစိတ်မထိန်း၍ ကိုက်လိုက်တော့
အင့်ခနဲညည်းသံသဲ့သဲ့ကထွက်လာလေသည်။
နဂိုနီဆွေးသောနှုတ်ခမ်းဖျားကိုခပ်ဖွဖွနမ်းပြီး
Good night kiss ဟုနှုတ်ဆက်ပြီးရေချိုးဖို့အခန်း
ထဲဝင်လာမိတော့သည်။ ဒီညတော့ဒီကောင်လေးနဲ့အတူ
အိပ်ရမှာပဲဟုတွေးရင်းပြုံးမိသည်။ ထင်မထားဘူးမင်း
လေးကကိုယ့်ဘဝကိုလိုက်နှောက်ယှက်နေသလားပဲ။
မင်းကတော့ထူးခြားတယ်။...................
"ရား....မင်ယွန်းဂီရှီး အာ ကျွန်တော်ကမမြင်လို့လုပ်မိ
တာတွေဘာလို့များဒီလိုပုတ်သိုးသိုးမျက်နှာနဲ့ကျွန်တော့်
ကိုခုလိုဆက်ဆံရတာလည်း အား မင်ယွန်းဂိကယတကယ်ပဲမတရားတဲ့လူပဲ အားလုံး
ကိုကြခေါ်ပြီးကျွန်တော့ကိုကြ အဲ့လိုလုပ်ထားတာလား
မင်ယွန်းဂိကတကယ်ကြင်နာတရားမဲ့တဲ့လူပဲ
မင်ယွန်းဂိရဲ့စိတ်စေတနာကတကယ်ကို အမဲရောင်ပဲ
လုံးဝblack လုံးဝ all black အကုန်နက်ကျော
နေတာအသားအရည်လေးကဖြူနေပေမဲ့ တကယ့်ကို
အမဲရောင်စိတ်ထားနဲ့လူသားပဲ ခင်ဗျားမခေါ်တာကျွန်တော့်ရင်ထဲတကယ်နာတယ်
အနက်ရောင်မင်ယွန်းဂိရဲ့သိရဲ့လား"