အပိုင်း ၁၃

1.8K 158 51
                                    

Zawgi

အိမ်ရောက်တော့ ပင်ပန်းမှုက ဦးခေါင်းထဲထိုးဝင်လာသည်။ ​ရေမိုးချိုးပြီးသည်ထိ အိမ်အောက်ကတစ်ဂျက်ဂျက်
အသံကြောင့် ဆင်းကြည့်မိတော့ ဟိုဆော့ကဟင်းချက်နေ
လေသည်။ ဒီလိုကျဘယ်ဆိုးလို့လည်း။

"မင်းရေချိုးပြီးပြီလား ဟိုဆော့ ငါကူချက်ပေးရမလား"

"ရတယ်ငါချိုးပြီးပြီး ကူချင်ရင်ထမင်းဝိုင်းပြင်လိုက်
စားရအောင် အော်ဒါနဲ့ချန်းမယ်ကညကြရင်လာခဲ့တဲ့ club သွားမယ်တဲ့"

"အင်းသွားတာပေါ့ စိတ်ပြေလက်ပျောက် ဒါနဲ့မင်းရဲ့စာရေးဆရာကကောမင်းနဲ့အတော်ခင်ပြီလား"

စာရေးဆရာဟုသော မင်းယွန်းဂိသည် သူနှင့်ခင်မင်ဖို့
မဆိုထားဘိ ဟိုတစ်လောကရေနှင့်လောင်းလိုက်မိလို့ ခုချိန်ထိသူ့မြင်ရင်ခပ်တည်တည်နေတုန်း..ဟူး။

"ဘယ်ကသာကွာ ငါ့စိတ်ထင်လေမင်ယွန်းဂိက
မိန်းကလေးတွေများပဲကြိုက်ထာလားလို့ ချန်းမယ်နဲ့ကြတော့ ခင်ခင်မင်မင်ပဲ မင်းတို့ကိုလည်းခင်ပါတယ်ငါ့ကြ
တော့အရေးတောင်မလုပ်ဖူး"

"ကဲမင်ယွန်းဂိကို စိတ်ထဲမှတ်ပြီးအပြတ်ကဲကြစို့ဒီနေ့"

သူ့ရဲ့စကားကြောင့်ဟိုဆော့ကလည်း ထမင်းနှင့်ဂင်ချီအစပ်ဟင်းရည်ကိုသောက်ပြီး မြိန်ရည်ရှက်ရည်ဖြင့်စားကြ
လေတော့သည်။

.......

"ဟဲ့နင်တို့နှစ်ယောက်က အိမ်မှာဘာလုပ်နေတာလဲ
မြန်မြန်လာလေ ငါကစောင့်နေရတာ တစ်ယောက်တည်း
ဟက် မဟုတ်မှလွဲရောနင်တို့နှစ်ယောက် အယ် အယ်"

ဖုန်းထဲကချန်းမယ်ရဲ့စကားသံကြောင့် ​သွေးတတ်ရသူမှာ
နှစ်ယောက်လုံး။
ဖုန်းက speaker ဖွင့်ထားသည်မို့
နှစ်ယောက်လုံးကြားနေရသည်လေ။အမှောင်လောကတွင် အမဲဘုရင်မအဖြစ် ခံယူထားသော
ချန်းမယ်ဟာယောက်ျားခြင်း လိုက်ပေးစားနေသည်မှာ
လည်းဝါသနာတစ်ခုလို..။ ယခုလဲထိုဝါသနာအတိုင်း
တစ်အယ်အယ်ဖြင့်ပေါက်ကရဆိုတော့မည်။

Role Model. U & Z (completed) Where stories live. Discover now