အပိုင်း ၅

1.5K 158 28
                                    

Zawgi

နံနက်အိပ်ယာနိုး အချိန်မှန်မှန်မျက်လုံးကပွင့်လာလေသည်။ ဒီနေ့လည်းသွားရဦးမည်။ ညကမှပူပူနွေးနွေးကျင့်ထားတဲ့ ဇာတ်ကွက်တွေက ဦးနှောက်ထဲတန်စီ၍ဝင်လာလေသည်..။ဒီနေ့မိဖုရားနဲ့စကားများရမည့်အခန်းမို့ စကား
မများတတ်တဲ့သူအဖို့ အင်မတန်ခက်၏..။စွာတယ်ဆိုပေမဲ့လည်း မိန်းကလေးတစ်ယောက်နှင့်ဆိုတော့ကား
တစ်မျိုးဖြစ်နေသေးသည်..။

အိပ်ယာသိမ်း အဝတ်အစားလဲပြီး နံနက်ခေါက်ဆွဲပြုတ်နှင့်နှစ်ပါးသွားရသည်။ အိုမားကလည်းနှစ်ရက်လောက်နေမှ
ဘူဆန်ကလာမှာဆိုတော့ ဒီရက်ထဲခေါင်ဆွဲပြုတ်သာ
လျှင်ရှိသည်...ဟူး။

"ဂျောင်ကုရေငါရောက်ပြီ"

"ဒီနေ့စောလှချည်လား"

"အိပ်မပျော်လို့ဟေ့ဒေါသတွေအလိပ်လိုက်ထွက်ပြီး"

"ဘာဖြစ်ထာလည်း"

ဂျောင်ကုရဲ့ခေါက်ဆွဲဘူးကိုလှမ်းယူစားပြီး မပြောခြင်ဘူးဆိုတဲ့ပုံလုပ်ပြမိပေမဲ့ သူပြောခြင်နေတာသူသာသိသည်။
ညကလည်းဟိုလိမ့်ဒီလိမ့်နှင့်ဒေါသထွက်လွန်းလို့
အိပ်မရပေ။ မနက်ကြတော့လည်း အစောကြီးနိုးနေ၍
ဂျောင်ကုဆီသာထွက်လာခဲ့တော့သည်။ မနက်စာတောင်
မစားပဲ....တကယ်သူပြောခြင်လွန်းလို့ပါးစပ်တွေယား
နေပြီလေ...။

"ပြောမှာသာပြောစမ်းပါ"

စိတ်မရှည်သောကြောင့် ဟိုဆော့လက်ထဲကခေါက်ဆွဲဘူး
ဆွဲယူလိုက်သည်။ ဟိုဆော့ကတော့ရေသောက်နေလေရဲ့

"မနေ့ကလေငါအိမ်ပြန်တော့လမ်းမှာ ကင်ထယ်ယောင်း
ဆိုတဲ့အကောင်နဲ့တွေ့တယ် ​တော်တော်ကျက်သရေယုတ်ခဲ့တာဒေါသတွေလည်းထွက်လိုက်တာ လူသတ်ခြင်စိတ်
တောင်ပေါက်တယ်..."

"ဟိုကမင်းကိုဘာလုပ်လို့လဲ..."

"ငါကသူမနိုင်မှာစိုးလို့အိတ်သယ်ပေးတာကို အကျောကြီးနဲ့မြန်မြန်မသယ်ဘူးလေဘာလေးနဲ့ ပြီးတော့လူမှုရေး လည်းနားမလည်ဘူး အင်မတန်ရိုင်းစိုင်းလိုက်ထာဆိုတာလေ ဘယ်ဥကပေါက်သလဲမေးယူရမယ်"

Role Model. U & Z (completed) On viuen les histories. Descobreix ara