အပိုင်း ၁၀

1.4K 161 30
                                    

Zawgi

"ဆိုတော့ မင်ယွန်းဂိတစ်ကိုယ်လုံးစိုရွဲပြီးခေါင်းကိုပါ
ဂွတ်ခနဲထိသွားတယ်ပေါ့..အမလေး..ဟား.ဟား.ဟား
သေပါပြီဂျောင်ဟိုဆော့ရယ်..အမလေးနင်မို့လို့..
အဟွတ်..အဟွတ်..ဟား..ဟား.”

"ချန်းမယ်နင်ကဘာသိလို့လဲ ဒါ ဟို(ဟိုဆော့)မင်(မင်ယွန်းဂိ)ဖူးစာလို့ခေါ်တယ်..
ဟား...ဟား...ဟား..”

ရီမောနေတဲ့နှစ်ကောင်လုံးကို တစ်စစီဆွဲဖြဲလိုက်ခြင်သော်ညား အခုချိန်ထိမင်ယွန်းဂိကသူ့ကိုအမြင်မကြည်သော
ကြောင့်သာငြိမ်နေရခြင်း။ တကယ်ဆိုဒါတွေအကုန်
သောက်လခွမ်းဖြစ်ကုန်တာဟိုကျက်သတုန်းကြောင့်
တောက်..တွေ့မယ်..ဒင်း..တွေ့မယ်..။

ကြိမ်းဝါးပြီးရိုက်ကွင်းတစ်လျှောက်လိုက်ရှာသော်ညား
ထိုအကောင်နှင့်တူတာဆိုလို့အရိပ်တောင်မရှိခြေ။

"တော်ကြပါတော့ကွာမင်းတို့ကတစ်မျိုး”

"ဟီး..ဟီး..နေပါဦးဂျောင်ကုမေးစရာရှိတယ်နင့်ကို”

ဟိုဆော့ဘက်ကနေတစ်ဆင့် သူ့ဘက်လှည့်လာတဲ့ချန်းမယ်ကြောင့် လွတ်ရာကိုပြေးရတော့မည်။ သူသိသည်
interview ဖြေတုန်းက Role Model က
ကင်နန်းဂျွန်းလို့ပြောခဲ့တာကိုမေးမှာ သိနေတယ် သိနေတယ် လုံးဝမနေဘူး..။

"မမေးနဲ့ငါပြင်စရာရှိတာတွေပြင်ရဦးမယ် ဆံပင်တွေ့လား
ဆီခြောက်နေပြီတွေ့လား ပြီးတော့နှုတ်ခမ်းနီလည်း
လျော့နေပြီ...ငါသွား...အ..မဆွဲနဲ့လေချန်းမယ်ရဲ့”

ထသွားဖို့ပြင်နေတဲ့ဂျောင်ကုကို ချန်းမယ်ကဆံပင်ဆွဲလိုက်သောကြောင့် ​ဂျောင်ကုကလည်းချန်းမယ်ဆံပင်ရှည်တွေကို ​စောင့်ဆွဲပြီးသား။ ဒီအခြေအနေကိုသာသတင်း
ထောက်တွေမြင်လို့ကတော့ ပွဲကောင်းဖြစ်သော်ငြား
သူတို့နှစ်ယောက်လူံး idol အဝတ်လဲခန်းထဲမှာမို့
မည်သူမှမမြင်ကြပေ..။

"ဟင်..ချန်းမယ်နဲ့ဂျောင်ကုဘာဖြစ်..ဖြစ်..”

"အော်ဂျောင်ကုဆံပင်ဖောက်တွေတွယ်နေလို့လေ ဖယ်ပေးနေတာရယ်..ဟီး..ဟီး”

Role Model. U & Z (completed) Where stories live. Discover now