အပိုင်း ၁၁

1.4K 155 26
                                    

Zawgi

ပထမဆုံးရိုက်ကွင်းစမည့်နေ့ဖြစ်သောကြောင့် ​စောစော
ထ၍ပြင်ဆင်ရတော့သည်။ မဟုတ်ရင်အလွဲလွဲအချော်
ချော်ဖြင့်ကင်နန်းဂျွန်ကသိတဲ့အတိုင်း ဆရာကြီးလုပ်နေဦးမှာလေ.။

"ဟိုဆော့ရေနန်းတွင်းအဝတ်အစားတွေပဲ၆လလုံးနှစ်ပါးသွားရမယ်ထင်ပါရဲ့ကွာ...ဟား..ဟား”

"အေးနော်..ရွှေဂွန်းပြည်မှယွန်းအလင်္ကာ ဝတ္ထုကိုဘာ
သဘောနဲ့များမင်ယွန်းဂိကရေးခဲ့လည်းမသိဘူး
တကယ်ဆိုမင်းကခံဘက်ကကြည့်ပဲအတော်လေး
ကသိကအောက်နိုင်တယ်”

ဟိုဆော့ကပါ ဝင်ရောက်အားတတ်သရောပြောလာတော့ သူ့မှာလည်းမကျေနပ်ချက်တွေကိုဖွင့်ဟရသည်။

"ဟုတ်တယ်အခုဟာကလီအိုဆွန်း(​ဂျောင်ကုရဲ့ဇာတ်
ကောင်)ကို လုံးဝကွာယောက်ျားလေးတစ်ယောက်တောင်
မဟုတ်တော့ဘဲ မိန်းကလေးထက်တောင် နိမ့်တဲ့သူဆင်းရဲ ပြီးတော့ အားနေရှင်ဘုရင်က ဓားမိုးနေတယ်နောက်ဆုံး
ကြတော့သားအတွက်သေပါလေရော ကဲကြည့်
လီအိုဆွန်းခမြာသေရော လီအိုဆွန်းနေရာသရုပ်ဆောင်မဲ့
ငါကကော တကယ့်ကိုလမိုင်းမကပ်ထာပဲ ဒါပေမဲ့
အစမ်းသရုပ်ဆောင်ကြည့်တော့ငါနဲ့အဆင်ပြေသလိုပဲ”

"ဟုတ်တယ်မင်းနဲ့လိုက်တယ်တော်တော် အရမ်းရိုင်းပြီး
အကြောတင်းတဲ့မင်းနဲ့ လီအိုဆွန်းကအေးအေးချမ်းချမ်း
လေး တစ်ခြားစီပဲ...”

မဲ့ရွဲ့ကာပြောနေတဲ့ဟိုဆော့ကျောကို တစ်ဗုန်းဗုန်းမြည်
အောင်ထုပြစ်ချင်သော်ငြားလည်း စိတ်ထဲမှာသာထား
လိုက်ရသည်။

"ခွေးကောင်”

"ကြည့်ပါ့လားပြောရင်းဆိုရင်း
အရိုင်းအစိုင်းတာဇံကောင်”

"မင်းလေအဲ့ဒါ”

သူတို့နှစ်ယောက်သတ်ကြပုတ်ကြရင်းနောက်ဆုံးတော့
လည်းအကုန်ထည့်ပြီးကားနဲ့ထွက်ခဲ့ကြလေသည်။
ယနေ့ကရိုက်ကွင်းအစလေ...။

ရိုက်ကွင်းရောက်တော့ အားလုံးလူစုံနေခြေပြီကင်နန်းဂျွန်
ကတောင်ဝတ်စုံလဲပြီးနေခြေပြီ..။သျှီလာရဲ့ဘုရင်မင်းမြတ်​ဂျောင်ထယ်ယောင်းပုံစံအတိုင်း
အင်မတန်မှထည်ဝါလွန်းလှသည်။

Role Model. U & Z (completed) Where stories live. Discover now