အပိုင်း ၁၂

1.1K 136 34
                                    

Zawgi

"မင်းကြီးနှင့် ကိုယ်လုပ်တော်လီတို့ ကျန်းမာပါစေ”

"မင်းကြီးနှင့် ကိုယ်လုပ်တော်လီတို့ ကျန်းမာပါစေ”

အနီရောင်အပြင်အဆင်က ရင်ထဲထိုး​ဖောက်နိုင်စွမ်းရှိ
လှလေသည်။ အဘယ်ကြောင့်မသိ ကင်နန်းဂျွန်နှင့်နီးကပ်နေသည် ဟူသောအသိက ရင်ထဲနူးနူးညံ့ဖြင့်တည်ရှိသည်။

"မိုးမြေကို ကန်တော့ပါ”

"ဘိုးဘေးတွေကို ကန်တော့ပါ”

"မောင်နှံအချင်းချင်း ကန်တော့ပါ”

"မင်္ဂလာအရက်ကိုသောက်နိုင်ပါပြီ မင်းကြီးနဲ့ဆူအင်း
မိဖုရား”

ဆူအင်းဟူသောဘွဲ့ကိုကြားချိန် အကြောထဲသွေးများက
ပြောင်းပြန်စီးသွားသလိုပင်..။ လီအိုစွန်းတော့မည့်သို့မည်ပုံ ခံစားရမည်မသိ သူကတော့ကတုန်ကရင်ဖြင့်သာ။
ဆိုဂျူးအနည်းငယ်ထည့်ထားသော ခွက်သေးသေးလေးကို
သောက်လိုက်တော့ လည်ချောင်းထဲပူခနဲ။ ဒါရိုက်တာကြီးက တကယ့်မင်္ဂလာပွဲအတိုင်း အစအဆုံးပြင်ဆင်ထားလေသည်။

"ကဒ်”

"ဝိုး...... အဆင်ပြေပြေပြီးသွားတာပဲ ​ကျေးဇူးပါကင်နန်းဂျွန်နဲ့
ဂျောင်ကုရေ”

"ရပါတယ်ဒါရိုက်တာကြီးရယ်”

ကင်နန်းဂျွန်ကတော့ ​ခေါင်းလေးတစ်ချက်ငြိမ့်ပြီး ​နောက်
တစ်ခန်းရိုက်ဖို့ပြင်ဆင်နေလေသည်။ ​နောက်တစ်ခန်းကြရင် ချန်းမယ်လည်းပါမှာမို့ အဆင်ပြေအောင်ညှိရမည်
မဟုတ်ရင်ထိုင်ရီနေကြမှာ..။

"ချန်းမယ် နင်မရီနဲ့နော်ကြားလား နင်ရီရင်ငါရီမှာ”

"စိတ်ချ မရီဘူး”

မင်္ဂလာဝတ်စုံကိုပြန်လဲပြီး နန်းတွင်းဝတ်စုံလေးကိုဝတ်
လိုက်ကာ ပျက်နေသောမိတ်ကပ်ကို staff ကပြင်ပေးနေသည်။

"ကဲရိုက်မယ်...ချန်းမယ်နဲ့ဂျောင်ကုက ပြဿနာတတ်ကြမယ် နန်းဂျွန်က ​နောက်မရောက်လာပြီး ​ဂျောင်ကုကို နင့်နင့်နဲနဲပြောမယ် ပြီးရင်ဂျီဆောင်းကနည်းနည်းဝင်ပြောပေး
ကြားလား”

Role Model. U & Z (completed) Where stories live. Discover now