Episode 32

1.8K 229 15
                                    

[ Zawgyi ]

သတ္ထုတွင်းတူးဖော်သည့်နေရာ၌ ရဲမက်များမှာ စစ်သုံးပန့်များအား တိရစ္ဆာန်တွေလိုရိုက်နှက်ပြီးခိုင်းစေနေသည်။ စစ်သုံးပန့်အများစုမှာ ယန်ပြည်ထောင်ကဖြစ်ပြီး လက်နက်ချခဲ့သည့်ယန်ခံတပ်က စစ်သည်များဆိုလည်းမမှားပေ။

အလွန်ပူပြင်းလှသည့်နေရောင်အောက်တွင် ရေလေးတစ်ခွက်သောက်ရဖို့အတွက် ရုန်းကန်နေကြရသည့် ယန်စစ်သည်တို့ကိုကြည့်ရင်း ရှဲလီရဲ့နှလုံးအိမ်ထဲ၌ အောင့်သက်သက်ဖြစ်နေမိသည်။ ဘယ်လောက်ပဲ ရေစက်ဖြတ်ခဲ့ပြီဟုပြောခဲ့ပါစေ သွေးသားကတော့ အချိန်တန်ရင် စကားပြော၏။ အမှန်အတိုင်းပြောရလျှင် ရှဲလီ သူ့ရဲ့လူတွေကို ကယ်တင်ချင်သည်။ အပြစ်မရှိတဲ့မိန်းကလေးတွေနဲ့ ကလေးတွေကို သူကာကွယ်ချင်ခဲ့သည်။ သို့သော် သူဘာမှမတတ်နိုင်ခဲ့ပေ။

"" အဲ့ဒီသတ္ထုတွင်းမှာ အများစုအလုပ်လုပ်နေကြတာ ယန်ခံတပ်က တပ်မှူးတွေနဲ့စစ်သည်တွေပဲ။ ဒါပေမယ့် သူတို့အားလုံး ဘဝသေနေကြပြီ။ ဘာလို့လဲဆိုတော့ သူတို့စိတ်ထဲမှာ ကျန်းမင်းဆက်ပျက်သုဉ်းသွားပြီလို့ ထင်နေကြလို့…။ အဲ့ဒီလိုစိတ်ဓာတ်ကျအောင်လုပ်ခဲ့တာ ဘယ်သူလို့ထင်လဲ။…သေချာပေါက် ချီပင်းဝမ်ပဲပေါ့။ ""

ဘေးတွင်ရှိသည့် လီရှောင်းက ရှဲလီကို သွေးထိုးလိုက်သည်။ သို့ပေမယ့် ရှဲလီမှာ နည်းနည်းလေးတောင် မျက်နှာမပျက်ပေ။ သူ့ရဲ့မျက်နှာထားမှာ လုံးဝခံစားချက်မရှိတော့သည့်လူသေတစ်ယောက်လို တည်ငြိမ်နေဆဲပင်။

လီရှောင်း ဘယ်လောက် ပြောပြော ပင်းဝမ်ကို ရှဲလီ အပြစ်မမြင်ခဲ့ပါ။ တကယ်အပြစ်ရှိသည့်သူမှာ သူဖြစ်သည်။ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်လွတ်ရုန်းခဲ့သူမှာ သူဖြစ်သည်။ သူတော်ကောင်းယောင်ဆောင်ပြီး အပြစ်မရှိတဲ့ ယန်ပြည်သူတွေနှိပ်စက်ခံနေရတာကို လျစ်လျူရှုခဲ့တာ သူဖြစ်ပြီး အခြားဘယ်သူမဟုတ်ပေ။

"" ကျွန်ုပ် သူတို့နဲ့ တွေ့ချင်တယ် ""

ရှဲလီ လီရှောင်းကိုမကြည့်ပဲ စကားဆိုလိုက်သည်။

"" သင်တွေ့ချင်တယ်ဆိုရင် တိတ်တဆိတ်သွားမှရလိမ့်မယ်။ အဲ့ဒီသတ္ထုတွင်းက တောင်ပိုင်းအုပ်စုက မြို့စားယွင် ပိုင်တာမို့လို့ ကျွန်ုပ် ဝင်ပါလို့မဖြစ်ဘူး။ ဒါပေမယ့် သင်သွားလို့ရအောင်တော့ ကျွန်ုပ်စီစဉ်ပေးမယ် အချိန်တော့သိပ်မရဘူးနော် ""

The Loyal Male LoverWhere stories live. Discover now