[ Zawgyi ]
မနက်အစောပိုင်းအချိန်တွင် တုံဟွမ်းခံတပ်သို့ သူတို့သုံးဦး ရောက်ရှိလာခဲ့သည်။ ထူထည်းပြီး ကြီးမားလှသည့် အုတ်တံတိုင်းတွေကို မြင်တော့ ရှဲလီ သက်ပြင်းချလိုက်သည်။ ရှေ့ဆက်ပြီး ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကောင်းကင်ဘုံပဲသိပေလိမ့်မည်။
ခံတပ်တံခါးဖွင့်လိုက်တာနှင့်တပြိုင်နက် စစ်သည်ရဲမက်များမှာ ဝမ်းသာအားရဖြင့် ပင်းဝမ်ကို ကြိုဆိုကြသည်။ ပင်းဝမ်ကလည်း မြင်းပေါ်ကနေ ဆင်းလိုက်ပြီး သူ့ဆီကို အပြေးအလွှားရောက်လာသည့် ကလေးငယ်ကို ပွေ့ကာ ဂုတ်ပေါ်တွင်တင်လိုက်သည်။
"" အိုက်ယိုး…ကျွန်ုပ်ရဲ့ဝက်ဝံလေးက တဖြည်းဖြည်းနဲ့အကောင်ကြီးလာလိုက်တာ။ ဘာတွေစားလို့တုန်း? ကျွန်ုပ်တောင် မချီနိုင်တော့ဘူး ""
ပင်းဝမ် ထိုကလေးရဲ့ခါးကို ကလိထိုးရင်း စနောက်နေလေသည်။ ကလေးတစ်ယောက်နှင့် အလွန်ပျော်မြူးနေသည့်ပင်းဝမ်ကို မြင်တော့ ရှဲလီ ခပ်ရေးရေးလေးပြုံးမိသည်။
"" မင်္ဂလာပွဲအတွက် ဂုဏ်ပြုပါတယ် စစ်သူကြီး ""
ကလေးငယ်ရဲ့အဖေဖြစ်သည့် မြို့စောင့်တပ်မှူးမှာ ပြုံးရယ်ရင်း ဂုဏ်ပြုလိုက်သည်။ ထို့နောက် ကျန်သည့်ရဲမက်များမှာလည်း ထိုနည်းတူစွာ ပင်းဝမ်ကို ဂုဏ်ပြုပေးလေသည်။
ထိုစကားသံတွေကိုကြားတော့ ပင်းဝမ်ရဲ့မျက်နှာမှာ ဗလာနတ္ထိဖြစ်သွားသလို ယီချန်းရဲ့မျက်နှာမှာလည်း အံ့သြမှုကြောင့် မျက်မှောင်ကြုပ်သွားသည်။
ရှဲလီကို ပင်းဝမ်လှည့်ကြည့်လိုက်စဉ် ရှဲလီမှာ ဘာမှမဖြစ်သည့်လူတစ်ယောက်လို ပင်းဝမ်ကို ပြန်ကြည့်နေသည်။ သို့ပေမယ့် ယီချန်းကတော့ မျက်နှာမကောင်းဖြစ်သွားသည့်ရှဲလီရဲ့ပုံရိပ်ကို အလျှင်အမြန်ဖမ်းမိလိုက်၏။
ထို့နောက် ပင်းဝမ် အချိန်ဖြုန်းမနေတော့ပဲ ချီအိမ်တော်သို့ တည့်တည့်မတ်မတ်ပြန်လာခဲ့သည်။ ပင်းဝမ်ကိုမြင်တော့ အစေခံများမှာ အပြေးအလွှားဖြင့် ကြိုဆိုကြလေသည်။
"" အမေ ဘယ်မှာလဲ ""
ရောက်ရောက်ချင်းမှာပဲ ပင်းဝမ် အနားမယူသေးပဲ ကျိဝေ့ကို လိုက်ရှာ၏။ ယီချန်းနှင့် ရှဲလီကတော့ ပင်းဝမ်ရဲ့အနောက်တွင် ရပ်နေကြသည်။
ESTÀS LLEGINT
The Loyal Male Lover
Novel·la històrica#Not Translation Both Zawgyi and Unicode are available!