Episode 9

2.2K 249 0
                                    

[ Zawgyi ]

တာ့ဝမ်အင်ပါယာ၊ နန်းမြို့တော်ရှိ ကျောက်စိမ်းနန်းတော်တွင်တော့ ခမ်းနားကြီးကျယ်လှသည့်ပွဲတော်အား ကျင်းပနေကြသည်။ ယင်းပွဲတော်မှာ ချီစစ်သူကြီးရဲ့အောင်နိုင်မှုကို ဂုဏ်ပြုပေးသည့်ပွဲတော်ဖြစ်သည်။

နန်းဆောင်ထဲသို့ သေတ္တာတစ်လုံးကိုင်ဆောင်ပြီး ပင်းဝမ်လျှောက်လာသည့်အခါ ဧကရာဇ်သည် ဝမ်းသာအားရဖြင့် ပုလ္လင်ပေါ်ကနေထလိုက်သည်။ ဧကရာဇ်ထလိုက်သည်နှင့်တပြိုင်နက် အမတ်များအားလုံးလည်း မတ်တပ်ရပ်ပြီး ဦးညွှတ်လိုက်ကြသည်။

"" အရှင်မင်ကြီး သက်တော်ရာကျော်ရှည်ပါစေ ""

ဧကရာဇ်မှပြုံးပြရင်း ပင်းဝမ်ကို ပြန်ထစေသည့်အခါ ပင်းဝမ်သည် လက်ထဲကသေတ္တာကို ဧကရာဇ်ရဲ့ခြေရင်းတွင် ချထားလိုက်သည်။

"" ဒါက? ""

"" ယန်ဘုရင်ရဲ့ဦးခေါင်းကို အရှင်မင်းကြီးရဲ့ခြေတော်အောက်မှာ ခစားပါတယ် ""

ထိုအခါကျတော့ ဧကရာဇ်ရဲ့မျက်နှာတစ်ခုလုံး ကျေနပ်ဝမ်းသာမှုများဖြင့်ပြည့်နှက်လျက် ပင်းဝမ်အား သူ့အနားက နေရာထိုင်ခင်းတွင် ထိုင်ခိုင်းစေလျက် ပွဲတော်ကို စတင်စေသည်။

"" သင့်ရဲ့ထက်မြက်မှုနဲ့ ရဲစွမ်းသတ္တိကို ငါကိုယ်တော် သဘောကျလှတယ်
သင်ဟာ တာ့ဝမ်ရဲ့ တကယ့်ရတနာတစ်ပါးပဲ ချီစစ်သူကြီး""

""အရှင်မင်းကြီးရဲ့ ချီးမြှောက်မှုကို မခံယူဝံ့ပါ ""

"" ဒါနဲ့ သင့်ကိုတောင် ဆုလာဘ်တော်မချီးမြှင့်ရသေးဘူးပဲ ကိုယ်တော်ကို ပြောပါ
သင် ဘာကိုအလိုရှိလဲ ""

ချောင်အန်းတိုက်ပွဲက အောင်နိုင်မှုတွင်လည်း ဧကရာဇ်သည် ပင်းဝမ်ကို ဆုချီးမြှင့်ဖူးသည်။ ထိုအချိန်တုန်းက ပင်းဝမ်သည် အစ်ကိုဖြစ်သူ ရန်ဝမ်အား ချောင်အန်းမြို့ကို အပိုင်စားပေးရန်တောင်းဆိုခဲ့သည်။ သို့ပေမယ့် ဧကရာဇ်သည် ချောင်အန်းအစား ချန်းယွမ်ကိုပေးအပ်ခဲ့သည်။

"" ဒီတစ်ခေါက်မှာတော့ အရှင်မင်းကြီးအနေနဲ့ ဖြည့်ဆည်းပေးနိုင်မှာမဟုတ်ပါဘူး ""

""ဟေ?
ငါကိုယ်တော်မဖြည့်ဆည်းနိုင်တာ ဘာများလဲ
သင့်အနေနဲ့ ဘယ်ပြည်နယ်ကိုလိုချင်လို့လဲ ဒါမှမဟုတ် ဘာကိုအလိုရှိလို့လဲ ""

The Loyal Male LoverWhere stories live. Discover now