Episode 8

2.3K 270 2
                                    

[ Zawgyi ]

နေမွန်းတည့်အချိန်တွင် ကောင်းကင်ထက်၌ တိမ်များကင်းစင်နေပြီး ရာသီဥတုမှာ ကြည်လင်သာယာနေသည်။ လေဖြူးလေးတသုန်သုန်နှင့်အတူ လတ်ဆတ်လှသည့်ဝါးရုံတောရနံ့မှာလည်း တလှိုင်လှိုင်ဖြင့် ပြန့်လွင့်နေ၏။

ယနေ့သည် ကျန်းမင်းဆက်ပျက်သုန်းမည့်နေ့ဖြစ်ပြီး ယန်သည်လည်း တာ့ဝမ်လက်အောက်ထဲသို့ မကြာခင်ကျရောက်ရတော့မည့်နေ့လည်းဖြစ်သည်။

ထိုကဲ့သို့အရေးအခင်းဖြစ်နေတဲ့အချိန်တွင် ရှဲလီသည် လူသူအရောက်ပေါက်နည်းသည့် ဘုရားကျောင်းသို့သွား၍ မိခင်ဖြစ်သူအတွက် ဆုတောင်းပေးရန် ဆုံးဖြတ်လိုက်သည်။

ထို့အတွက်ကြောင့် ပင်းဝမ် စစ်ချီထွက်သွားစဉ် ရွှယ်မုံနှင့်အတူ ရှဲလီထွက်လာခဲ့၏။ သူတို့နှစ်ယောက်ရဲ့မိတ်ဆွေသံယောဇဉ်မှာ ဒီဘဝ ဒီမျှလောက်ပဲမို့ နှုတ်ဆက်မနေတော့ပဲ ရှဲလီ ခရီးဆက်လာခဲ့သည်။

တစ်ဖက်တွင်တော့ ပင်းဝမ်နှင့်အတူ တုံဟွမ်းတပ်များသည် လျှိုဝှက်လမ်းကြောင်းကနေ ယန်နန်းတော်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်နေကြ၏။ ထင်မှတ်မထားသည့် တိုက်ခိုက်မှုမျိုးကြောင့် ပြင်ဆင်ချိန်မရပဲ ယန်တပ်များမှာ တဖြည်းဖြည်းနှင့် အရေးနိမ့်လာကြသည်။

အရှေ့တိုင်းပြည်က ဘုရင်များပါရောက်ရှိနေသည့်အတွက် ပင်းဝမ်သည် မုဆိုးတစ်ကောင်လို ပြုံးရယ်ရင်း ညီလာခံအဆောင်သို့ ဝင်လာခဲ့သည်။

"" ချီပင်းဝမ်! သင်ဟာ စစ်သူကြီးတစ်ယောက်ဖြစ်ပါရက်နဲ့ စစ်စည်းကမ်းကို ဖောက်ဖျက်လိုက်တာပဲ! ""

ဘုရင်တစ်ပါးမှ ဒေါသတကြီးဖြင့် မတ်တပ်ရပ်ပြီး အော်ပြောလိုက်သည့်အခါ ပင်းဝမ်သည် လက်ထဲတွင် ကိုင်ဆောင်ထားသည့် ဓားမြှောင်ဖြင့် ထိုသူရဲ့အာခေါင်တည့်တည့်ကို ပစ်ပေါက်လိုက်သည်။

"" တံခါးတွေအကုန်လုံးပိတ်လိုက် ""

စစ်သည်များသည် ပင်းဝမ်ရဲ့ အမိန့်အတိုင်း တံခါးများကိုပိတ်လိုက်ကြပြီး အပြင်ဘက်တွင် စောင့်ကြပ်နေကြ၏။ အထဲတွင်တော့ ပင်းဝမ်နှင့်အတူ ကျဲဟန်ဦးဆောင်သည့် စစ်သည်များရှိနေခဲ့ကြသည်။

The Loyal Male LoverWhere stories live. Discover now