Episode 6

2.7K 305 0
                                    

[ Zawgyi ]

အချိန်အခါမှာ နေ့လည်ခင်းဖြစ်သော်လည်း မိုးများအုံ့နေသောကြောင့် ကောင်းကင်တစ်ခုလုံး တိမ်မဲများဖြင့် ပြည့်နှက်နေသည်။
ညီလာခံခန်းမဆောင်တွင်တော့ ပိုင်မင်သည် ပုလ္လင်ထက်၌ ထိုင်ရင်း လျှောက်တင်လာသမျှကို ကြားနာနေလေ၏။

"" အခုဆိုရင် ချီစစ်သူကြီးက ကျွန်ုပ်တို့လက်ထဲက ကြွက်တစ်ကောင်ဖြစ်သွားပါပြီ အရှင်
အရှင့်အနေနဲ့ ဘာဆက်လုပ်ဖို့ စီစဉ်ထားပါသလဲ ""

"" ကြွက်?...ကြည့်ရတာ ကုန်းလူကြီးမင်းအနေနဲ့ ချီစစ်သူကြီးအကြောင်း မသိသေးဘူးထင်ပါရဲ့ ""

အမတ်ကုန်းရဲ့စကားကို ရယ်မောရင်းဖြင့် စစ်သူကြီးတစ်ယောက်မှ ခွန်းတုံ့ပြန်လိုက်သည်။

"" ချောင်အန်းတိုက်ပွဲကိုတောင် ၁၀ရက်တည်းနဲ့ အနိုင်တိုက်ခဲ့တဲ့သူက ဘာမှမဟုတ်တဲ့ ထောင်ချောက်လေးမှာ မိသွားတယ်ဆိုတာ စဉ်းစားစရာပါ ""

"" သင်ဘာကိုဆိုလိုချင်တာလဲ ""

"" ချီစစ်သူကြီးကို ရှဲလီနဲ့ တစ်ခန်းတည်း မချုပ်ထားသင့်ဘူးအရှင်
ရှဲလီက ခန္ဓာကိုယ်သာအားနည်းပေမယ့် ဥာဏ်အလွန်ပြေးတဲ့သူပါ ဒါ့အပြင် ချီစစ်သူကြီးရဲ့အင်အားက ရဲမက်အယောက်၅၀အင်အားနဲ့ ညီမျှပါတယ်
ပြောလို့မရပါဘူး အခုလောက်ဆို သူတို့နှစ်ယောက် အပြင်တောင်ရောက်နေလောက်ပါပြီ ""

"" မဖြစ်နိုင်တာ! မြေအောက်အကျဉ်းထောင်က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့နေရာမဟုတ်...""

"" ဒါပေမယ့် ကြွက်တစ်ကောင်ကတော့ ထွက်လို့ရပါတယ် သင်ပြောခဲ့သလို ချီစစ်သူကြီးက ကျွန်ုပ်တို့လက်ထဲက ကြွက်တစ်ကောင်လေ ""

နောက်ဆုံးတွင် ပိုင်မင်သည် ထိုစစ်သူကြီးရဲ့စကားကို လက်ခံလိုက်ပြီး အကျဉ်းထောင်ကို စစ်ဆေးရန် ကြွမြန်းလာလေသည်။

တစ်ဖက်တွင်တော့ ရှောင်လန်သည် ပြတင်းပေါက်ကနေ ညိုမဲနေသည့်ကောင်းကင်ကြီးကိုကြည့်နေခဲ့သည်။

"" မယ်မယ်...""

"" ကျွန်ုပ်ခိုင်းတဲ့အတိုင်း ဆောင်ရွက်ခဲ့ပြီလား ""

The Loyal Male LoverWhere stories live. Discover now