Episode 23

1.8K 246 17
                                    

[ Zawgyi ]

မနက်မိုးသောက်အချိန်ရောက်တော့ ရာဇဝတ်ရုံးတော်သို့ ရန်ဝမ်ကြွချီလာ၏။ သို့ပေမယ့် ရုံးတော်တွင် ဘယ်သူမှမရှိကြောင်းတွေ့ရတော့ ဒေါသအနည်းငယ်ထွက်သွားလေသည်။

"" ရဲမက်တွေ ဘယ်ရောက်နေတာလဲ?!""

"" မြို့စားမင်းကို ဂါရဝပြုပါတယ်။ စစ်သူကြီးက မယ်မယ်ရဲ့အဆောင်ကို အရင်ဆုံးကြွမြန်းလာခဲ့ဖို့ အမှာပါးလိုက်ပါတယ် ""

အစေခံတစ်ဦးကနေ လျှောက်တင်လိုက်တော့ ဝတ်ရုံလက်ကိုခါရင်း ဒေါသတကြီးဖြင့် ရန်ဇီရဲ့အဆောင်သို့ ကြွချီလာခဲ့သည်။

"" ရာဇဝတ်ရုံးတော်မှာ ဘာလို့လူတွေမရှိကြတာလဲ။ ""

အဆောင်ကို ရောက်ရောက်ချင်းမှာပဲ ခက်ထန်လှသည့်လေသံဖြင့် ပင်းဝမ်ကို ရန်ဝမ်မေးလိုက်သည်။ ပင်းဝမ်ကတော့ ရန်ဇီဘေးတွင် ထိုင်ရင်း အဖော်ပြုပေးနေ၏။ မျက်နှာမှာလည်း အပြုံးများဖြင့်ဝေဆာလျက် ရန်ဇီအတွက် ကျိုထားသည့်ဆေးရည်ကို ကိုယ်တိုင် မှုတ်ပေးကာ ဆေးတိုက်နေသည်။

"" သက်သာရဲ့လား မိန်းမလှလေး ""

"" ကျွန်ုပ်ရဲ့ဝမ်လေး တိုက်တဲ့ဆေးကြောင့် လုံးဝသက်သာသွားပါပြီ။ ဒါနဲ့ သမားတော်ကျန်းကို ဘယ်လိုလုပ်ဖို့စီစဉ်ထားလဲ။ ""

ပင်းဝမ်က ဘာတစ်ခွန်းမှမဆိုသေးပဲ ပန်းကန်ကို အစေခံများကိုင်ဆောင်ထားသည့် သစ်သားဗန်းပေါ်သို့ တင်လိုက်သည်။ တစ်ဖက်တွင်တော့ ရန်ဇီနှင့် ရန်ဝမ်မှာ တိတ်တဆိတ်ဖြင့် ပင်းဝမ်ပြောမည့်စကားကို စောင့်စားနေသည်။

"" သမားတော်ယွင်... မယ်မယ်အတွက် အားဆေးကို ဘယ်ဆေးမြစ်တွေသုံးပြီး ကျိုထားတာလဲ။ သင့်ရဲ့ဆေးအစွမ်းက တကယ်အံ့မခမ်းပဲ...။ မထနိုင်အောင်နုံးချိနေတဲ့လူတစ်ယောက်ကို တစ်ညတာအချိန်အတွင်း အားပြန်ပြည့်အောင် လုပ်နိုင်တယ်ဆိုတော့ တကယ်ချီးကျူးစရာပဲ။ ""

"" စစ်သူကြီးရဲ့ချီးကျူးမှုကို မခံယူဝံ့ပါ...""

သမားတော်ယွင်ဆိုသည့်အမျိုးသမီးမှာ ဦးညွတ်ရင်း ပင်းဝမ်ကို ဂါရဝပြုလိုက်သည်။

The Loyal Male LoverWhere stories live. Discover now