EP - 21

972 79 9
                                    

Unicode

သူရိန့်အမေးကိုမဖြေသေးတဲ့လူမိုက်ကောင်ကချက်ချင်းဆိုသလိုမသိမသာမျက်နှာလွှဲကာသွယ်တန်းနေသည့်အကြည့်တို့ကိုပါရှောင်ဖယ်သည်။ ဆံပင်ကိုသပ်တင်ထားမိသည့်လက်ကိုလွှတ်ပေးလိုက်တော့ညာဘက်မျက်လုံးပေါ်သို့ပြန်လည်အုပ်ကျပြန်သွားတဲ့ဆံစတွေ။ ဒဏ်ရာရဲ့လက်ကျန်အမာရွတ်ကပြန်ကွယ်ပျောက်သွားပေမယ့်သူရိန့်ရင်ထဲမှာတော့စူးတစ်ချောင်းစိုက်ဝင်သွားသကဲ့သို့နင့်ပြီးကျန်ခဲ့သည်။ ငြိမ်ကျသွားတဲ့လူမိုက်ကောင်ရဲ့ပုံစံအရတော့ဒဏ်ရာဖြစ်တည်လာရတဲ့အကြောင်းအရင်းဖြစ်စဉ်ကသိပ်တော့ကောင်းပုံတော့မရ။

" ငါ့ကိုမပြောပြချင်ဘူးလား......"

မျက်နှာမကောင်းတဲ့လူမိုက်ကောင်ကြောင့်လေသံကိုအတတ်နိုင်ဆုံးလျှော့ကာမေးလိုက်မိသည်။ ပြန်လည်အကြည့်ပို့လာသည့်လူမိုက်ကောင်ရဲ့မျက်နှာထက်မှအနည်းငယ်တုန်ယင်နေတဲ့မျက်တောင်ဖျားတချို့ကသူ့မသိခဲ့မိတဲ့လူမိုက်ကောင်ရဲ့ဝမ်းနည်းမှုအတိတ်တွေကိုများဖော်ပြနေလေသလား။

" ငါ...ငါကဒီအတိုင်းမေးတာပါ မင်းမဖြေချင်လည်းရတယ်...မဖြေနဲ့နော် စိတ်မကောင်းဖြစ်သွားလား......"

စကားအဆုံးလူမိုက်ကောင်ရဲ့မျက်နှာကိုခပ်ဖွဖွထိကိုင်မိတော့မလှုပ်မယှက်နှင့်ငြိမ်သက်နေဆဲ။ ဒုတိယအကြိမ်အဖြစ်မျက်လွှာချကာအကြည့်လွှဲသွားပြန်တဲ့သူ‌ကြောင့်ရင်ခွင်ထဲဆွဲထည့်ကာဖက်ထားလိုက်မိသည်။ ဝမ်းနည်းမှုတွေ‌ပြေပျောက်လို့ပြေပျောက်ငြားဖက်ထားပစ်လိုက်မိပေမယ့်အရပ်အနည်းငယ်ကွာဟချက်ကြောင့်လူမိုက်ကောင်ရဲ့မေးဖျားကသူရိန့်ပခုံးထက်သို့အံဝင်ခွင်ကျ။ ဒီတစ်ခါတော့ခါတိုင်းလိုငြိမ်သက်မနေဘဲပခုံးသားတစ်လျှောက်ကိုနမ်းရှုံ့ကာတမင်ကိုမျက်နှာအပ်ထားသည်မို့ကျောပြင်ကျယ်အားခပ်ဖွဖွပွတ်ပေးမိသည်။

" ငါတောင်းပန်ပါတယ်......"

" မဟုတ်ဘူး ခင်ဗျားမမှားဘူး......"

ထွက်ပေါ်လာတဲ့အသံကအနည်းငယ်ပလုံးပထွေး။ ရှိုက်သံတချို့ပါကပ်ငြိ‌နေတာမို့ပခုံးမှနေဆွဲဖယ်ခွာကာမျက်နှာချင်းဆိုင်ဖို့ပြင်မိတော့ပို၍ဖက်တွယ်လက်တွေကတင်းတင်းကြပ်ကြပ်။ ထို့နောက်ပခုံးထက်ကိုပြန်၍မျက်နှာအပ်လာပြန်တာကြောင့်သူရိန်လည်းအလိုက်သင့်သာငြိမ်နေလိုက်ရသည်။
ဘာပဲဖြစ်ဖြစ်မင်းစိတ်သက်သာရာရမယ်ဆိုရင်ငါကအမြဲတမ်းမှီတွယ်ရာဖြစ်ပေးနိုင်ပါတယ်......။

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now