EP - 12

1.2K 104 20
                                    

Unicode

သီချင်းသံကြောင့်သတိမထားမိခဲ့သည့်လက်အခြေအနေကလူမိုက်ကောင်ဘက်ကအကြည့်လွှဲတော့မှသာသတိဝင်သည်။ ဘာရယ်မဟုတ်အကြည့်ရောက်မိသွားတဲ့မျက်လုံးကိုပဲကျေးဇူးတင်ရမလား ၊ ' မနေ့ကအပူလောင်ဒဏ်ရာဘယ်လိုနေလဲ ' လို့မေးဖို့မမေ့သည့်ဦးနှောက်လေးကိုပဲရွှေချထားရမလားမပြောတတ်ပေမယ့်သူရိန်သတိရမိတာခပ်ကောင်းကောင်းပင်။

" ဒဏ်ရာရှိနေတာခဏလောက်ဂစ်တာမတီးဘဲနေလို့မရဘူးလား......"

သွေးစတို့အနည်းငယ်စို့နေသည့်လက်ကိုဆွဲယူကြည့်ရင်းစိုးရိမ်စိတ်ဖြင့်ဆူပူ‌မိတော့ခပ်ဖွဖွပြုံးပြလာပြန်တဲ့အပြုံးချိုချိုတွေ။ ခွက်ဝင်သွားတဲ့ပါးချိုင့်လေးတွေကဆွဲဆောင်မှုတစ်မျိုးပါရှိသည့်မျက်ဝန်းတွေနှင့်ပေါင်းစပ်လိုက်တိုင်းကိုယ်တိုင်တောင်မသိလိုက်ဘဲကိုနစ်မျောကျရှုံးသွားစေပြန်တယ်။

" သံစဉ်အေးအေးလေးလောက်ပဲတီးမိတာပါခင်ဗျားရယ်......"

" ဒါပေမယ့်မင်းရဲ့လက်အခြေအနေကအခုပိုဆိုးသွားပြီလေ......"

အလိုမကျသလိုပြန်‌ချေပပြောမိတော့လူမိုက်ကောင်ကသဘောတကျရယ်သည်။ ထို့နောက်ပတ်တီးမရှိတဲ့ဘယ်လက်တစ်ဖက်တည်းနှင့်အင်္ကျီကော်လံစကိုပြန့်အောင်‌ပြင်ဆင်ပေးလာပြီးခပ်ပြုံးပြုံးဖြင့်သေချာစိုက်ကြည့်နေပြန်တယ်။
မကြည့်နဲ့....မင်းအဲ့ဒီ့လိုမကြည့်စမ်းပါနဲ့လို့......။

" ခင်ဗျားရွာအလှူပွဲသွားရဦးမယ်မဟုတ်လား နောက်ကျနေမယ်လေ......"

" မင်းနဲ့အတူတူသွားမှာ......"

သူရိန့်စကားကြားတော့ချက်ချင်းဆိုသလိုလူမိုက်ကောင်ရဲ့မျက်နှာကတည်ခနဲ။ ထုံးစံအတိုင်းမူပိုင်မျက်နှာသေနှင့်ဂစ်တာကိုပိုက်ကာသာနေရာမှထဖို့ဟန်ပြင်နေတာကြောင့်လက်မောင်းကနေဆုပ်ကိုင်ကာအတင်းပြန်ထိုင်ခိုင်းလိုက်တော့မထိုင်ချင်ထိုင်ချင်ပုံစံဖြင့်ပြန်ထိုင်လာပြန်သည်။

" အတူတူသွားမယ်လို့ပြောနေတယ်မဟုတ်လား မင်းမလိုက်ရင်ငါလည်းမသွားဘူး......"

" ကျုပ်နေလို့သိပ်မကောင်းလို့ပါခင်ဗျားရယ် မလိုက်ပါရစေနဲ့......"

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now