EP - 3

1.7K 129 11
                                    

Unicode

ရေနွေးကြမ်းနဲ့ထန်းလျက် ၊ ကြံသကာအစရှိသည့်အချိုပွဲများသာရှိသည့်တောရွာဓလေ့စကားဝိုင်းတွင်လူကြီးတွေကြားထိုင်ရင်းသူရိန်အတော်လေးပျင်းရိလာမိသည်။ လူကြီးတွေရောရှေးဟောင်းနှောင်းဖြစ်ပြောဆိုနေမှုတွေကနားထောင်လို့တော့ကောင်းပေမယ့်အချိန်ကြာလာတော့လူကအိပ်ပဲငိုက်လာသလိုလို။
တကယ်ပါပဲ...အဲ့ဒီ့လိုဖြစ်မယ်မှန်းသိရင်ဟိုလူမိုက်ကောင်ကိုခဏလောက်ဆွဲထားလိုက်ပါတယ်......။

" ဒါနဲ့ဆရာ...ဟို ညညဉ့်ယံဇိမ်းဆိုတဲ့ကောင်နဲ့အပေါင်းအသင်းမလုပ်နဲ့......အဲ့ကောင်ကလူဆိုးလူမိုက် ပြီးတော့ရွာရဲ့ဂုဏ်ကိုကျအောင်လုပ်နေတဲ့ကောင်...ဆရာ့လိုပညာတတ်လူယဉ်ကျေးနဲ့က ပြဒါးတစ်လမ်းသံတစ်လမ်းပါဆရာရယ်......"

လူကြီးတစ်ယောက်ထံမှသူရိန့်ဆီဦးတည်ကာပြောလာသောစကားကြောင့်ငေးငေးငိုင်ငိုင်အတွေးများမှုများကွယ်ပျောက်ကာလူမိုက်ကောင်အကြောင်းနားထောင်မိသွားသည်။

" ဟုတ်တယ်ဆရာရေ...ကျုပ်လည်းအဲ့ဒါပြောမလို့......အမှန်ဆိုအဲ့လိုကောင်ကဆရာနဲ့လမ်းအတူလျှောက်ဖို့တောင်မတန်ဘူးရော..အပေါင်းအသင်းကလူကိုဖျက်တတ်တယ်လေ ဝေးဝေးသာရှောင်ဆရာရေ......"

ဝင်ထောက်ခံတဲ့လူတစ်ယောက်ကြောင့်စကားဝိုင်းကမသိမသာပင်လူမိုက်ကောင်အကြောင်းဆီဦးတည်သွားသည်။ သို့ပေမယ့်ကောင်းတဲ့အကြောင်းတော့မဟုတ်။ ဧကအဖေဦးကြီးကပါ ' အဇာတသတ်ကဒေဝဒတ်နှင့်ပေါင်း၍...... ' ဆိုပြီးဥပမာပေးကာပြောဆိုလာပြန်တာမို့သူရိန်အပြုံးတစ်ပွင့်နှင့်သာတုံ့ပြန်လိုက်ရင်း

" ကျွန်တော်တော့အဲ့ဒီ့လိုမထင်ဘူးဗျ......အပေါင်းအသင်းကလူကိုဖျက်တယ်ဆိုရင်တောင်ကိုယ်တိုင်ပါမှဖြစ်တာမဟုတ်လား...ကိုယ်ကောင်းအောင်နေရင်ပြီးတာပါပဲ......"

" ဒါပေမယ့်လည်းဆရာရယ် အဲ့ဒီကောင်ကအ......"

ရွာလူကြီးကစကားဝင်ပြောနေရင်းမှတစ်စုံတစ်ခုကိုသတိရသွားဟန်နှင့်စကားမဆုံးခင်မှာတင်ရပ်တန့်သွားသည်။ မျက်နှာလွှဲကာတစ်ခုခုကိုဆက်ပြောရခက်နေဟန်ကလည်းတကယ်ပဲဘာများပါလိမ့်။

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now