EP - 10

1.5K 111 22
                                    

Unicode

နေ့လယ်ကကိစ္စဖြစ်ပြီးကတည်းကပျောက်ချက်သားကောင်းနေတဲ့လူမိုက်ကောင်တစ်ယောက်ညနေစောင်းမှသာတခြားသူတွေနည်းတူပြန်မြင်ရတော့သည်။ ထမင်းရောစားပြီးရဲ့လား ၊ စိတ်ညစ်နေလောက်မလား ၊ သိမ်ငယ်သွားမလားစသည့်စသည့်မေးခွန်းပေါင်းမြောက်များစွာကိုမေးချင်နေပေမယ့်လို့မိမိကိုလေးစားသမျှနှင့်လာစကားပြောကာဧည့်ခံနေကြသည့်ရွာသားတွေကြောင့်လူကထသွားလို့ကလည်းမဖြစ်ပြန်။ ဒါကြောင့်ပြောလာသမျှကိုအင်းအဲလိုက်ရင်းသူ့အလုပ်သူလုပ်နေတဲ့လူမိုက်ကောင်ဆီကိုသာအကဲခတ်သလိုလိုက်ငေးရတော့သည်။

" ဪ ဆရာကသူနဲ့သိလို့လား......"

ခုတ်ထားတဲ့ထင်းတချို့ကိုမီးဖိုအနားသယ်ပေးနေတဲ့လူမိုက်ကောင်ကိုသူရိန့်နည်းတူလိုက်ကြည့်ပြီးမေးလာတဲ့ထိုသူ။ မျက်နှာထားကတော့သူရိန်နှင့်စကားပြောစဉ်ကအတိုင်းဘာမှမပြောင်းလဲသွားပေမယ့်ဘာဖြစ်လို့များမနှစ်မြို့ခြင်းတွေပါနေတယ်လို့ခံစားမိနေရတာပါလိမ့်။

" ဖြစ်နိုင်ရင်သူနဲ့မပက်သက်ပါနဲ့ဆရာရယ်...ဝေးဝေးသာနေ အဲ့လိုကောင်မျိုးနဲ့ဆရာ့လိုလူမျိုးကစကားရပ်ပြောဖို့တောင်မတန်ဘူး......"

ပြောဆိုပြီးသူ့အလုပ်သူဆက်လုပ်နေတဲ့လူကိုကြည့်ရင်းသူရိန်ကတော့ဒေါသစိတ်တနုံ့နုံ့ပင်။
ဘယ့်နှယ့်လူတစ်ယောက်ကိုမတူဘူးမတန်ဘူးပြောရအောင်ဒီကရွာသားတွေကအဲ့ဒီ့လောက်တောင်ပဲရိုင်းတယ်လား......။

" သူလည်းလူပဲလေဗျာ...လူလူချင်းဆိုတာစာနာစိတ်ထားရတယ် လူတစ်ယောက်ကိုအပေါင်းအသင်းလုပ်ပြီးအရောဝင်ဖို့အတွက်တန်တယ်မတန်ဘူးသတ်မှတ်စရာမလိုပါဘူး......"

" ဒါပေမဲ့ဆရာမသိသေးလို့ပါ...အဲ့ဒီ့ကောင်ကရွံစရာကြီး......"

ဒီတစ်ခါတော့သူရိန်အတော်လေးဒေါသထွက်သွားရသည်။ ဒီလောက်ပြောနေတဲ့ကြားကနေမဲ့ရွဲ့ပြီးထပ်ပြောလာတဲ့စကားကခပ်ကျယ်ကျယ် ၊ အခန့်မသင့်ရင်လူမိုက်ကောင်ကြားသွားမှဖြင့်......။

လူမိုက်ကောင်ဘက်တစ်ချက်လှမ်းကြည့်မိတော့လုပ်စရာရှိတာသာဆက်လုပ်နေတာမို့ကြားဟန်တော့မတူတာကြောင့်လူကအခုမှစိတ်အေးသွားရသည်။ ရှေ့ကလူကိုကြည့်ရင်းဆွဲကိုင်‌ပေါက်ပစ်ချင်လောက်အောင်အထိဒေါသဖြစ်နေပေမယ့်လို့အိန္ဒြေငိက္ခာနှင့်ထိုဒေါသကိုထိန်းရမည်။ သူကဒီရွာမှာဆရာဂုဏ်ပုဒ်နဲ့နေနေရတဲ့သူမဟုတ်လား။ ပြီးတော့ဖေဖေကလည်းအမြဲဆုံးမထားခဲ့တာရှိတာပဲလေ။  ' လူလိမ္မာ့အမျက်အပြင်မထွက်စေနဲ့ ' တဲ့။

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now