EP - 15

1.1K 104 12
                                    

Unicode

" သူရိန်...သူရိန်ရေ...ဟေ့ကောင်သူရိန်......"

လေသံဖွဖွနှင့်နှိုးတာကိုအိပ်ကောင်းနေပုံရသေးတဲ့ကျေးဇူးရှင်သူငယ်ချင်းကြီးကြောင့်ရှေးဘဝပေးကုသိုလ်ကံကောင်းလွန်းသည့်အသံအားကိုသာအသုံးပြု၍မိုက်ခရိုဖုန်းတပ်သလိုအသံနှင့်အော်နှိုးရတော့သည်။ ဒါတောင်သကောင့်သားကမျက်လုံးဖွင့်ရုံဖွင့်ကြည့်ပြီးတစ်ပတ်ပြန်လှည့်သွားသေးတာများ။
မသိရင်ငါကသူ့မယားကျလို့......။

" ကာလနဂါးရဲ့ပထွေးတော်မယ့်ကောင်ရေ...မင်းအမေကြီးဒေါ်နာရီကနံနက်၉နာရီထိုးနေပြီမို့ထတော်မူပါတော့လို့......"

ထိုအခါခေါင်းတညိတ်ညိတ်နှင့်ပြန်လှည့်လာတဲ့မောင်သူရိန်လင်းလျှံ။ ဒါတောင်ချက်ချင်းမထသေးဘဲရှည်နေတဲ့အရပ်ကိုပိုဆန့်ထွက်ချင်နေသယောင်နှင့်ရှိသမျှအကြောအချဉ်အကုန်ဆန့်ထုတ်ကာပျင်းကြောဆွဲနေသေးသည်။ မှေးစင်းနေတဲ့မျက်လုံးကအိပ်ချင်မပြေသေးပုံနှင့်လာကြည့်နေသေးတာကြောင့်ခက်လှိုင်းလည်းပျားသကာသို့အပြုံးလေးသာပြုံးပြလိုက်ရင်း

" အိပ်ချင်နေသေးပါသလားအစ်ကိုတော်ဘုရား...ဟိုမှာအစ်ကိုတော်ရဲ့လင်တော်မောင်တောင်ခြံထဲဆင်းသွားပါပြီဘုရား......"

" ဟင်...ငါ့လင်ဟုတ်လား ငါ့လင်ကဘယ်သူလဲ......"

ရွဲ့ပြောနေတာကိုရွဲ့ပြောလို့ပြောနေမှန်းမသိစဉ်းစားနေသလိုပုံစံလုပ်ပြီးလာမေးနေပြန်တာကြောင့်ခက်လှိုင်း၏ရှည်လှသောခန္တီတရားများစွာသည်ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားကြလေပြီ။

" မင်းအခုနေ,နေတဲ့အိပ်ရဲ့ပိုင်ရှင်...မင်းသည်းသည်းလှုပ်နေတဲ့သူကမင်းရဲ့လင်ပေါ့နွားရဲ့......."

စိတ်တိုတိုနှင့်အော်ပြောလိုက်တော့မှနားလည်သွားသလိုပုံစံနှင့်မေးလာတဲ့စကားက ' ဪ လူမိုက်ကောင်ကိုပြောတာလား......' တဲ့။
ကြည့်ပါဦး...ဘယ်လောက်တောင်မှဆွဲကိုင်ပေါက်ချင်စရာကောင်းလိုက်တဲ့သူငယ်ချင်းလဲဆိုတာ။

" ဟမ်!!!....."

" ဗုဒ္ဓေါ!...မင်းမေကြီးဒေါ်ကြီးဆုံးပါးသွားတာမို့လို့အဲ့သလောက်အော်နေရတာလား......"

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now