EP - 11

1.4K 100 12
                                    

Unicode

" ကျစ်! လက်ကဘယ်လိုဖြစ်ရတာလဲ...…"

အပူလောင်သည့်ဒဏ်ရာအားဆေးထည့်ပေးဖို့ပြင်လိုက်မိပေမယ့်‌မြင်လိုက်ရသည့်ပွန်းပဲ့နေသည့်ဒဏ်ရာများနှင့်ယောင်ကိုင်းနေသည့်လက်ဆစ်တွေကြောင့်လူကအမေးထုတ်နေရခြင်း။ ပုံမှန်ဆိုရှည်သွယ်ပြီးကြည့်ကောင်းလွန်းတဲ့လက်ဆစ်တွေကအခုတော့ပွန်းပဲ့ပြီးသွေးစတချို့ရှိနေသည်မှာမြင်လို့တောင်မကောင်း။ အပူပါလောင်ထားတာကြောင့်ထင် ၊ နီရဲပြီးပိုဆိုးသည့်အခြေအနေဖြစ်နေလေသည်။ စိုးရိမ်တဲ့စိတ်အခံကြောင့်ငေါက်သလိုမေးမိတော့ထုံးစံအတိုင်းမျက်နှာသေနှင့်ခေါင်းငုံ့သွားပြန်တဲ့လူမိုက်ကောင်။

" ငါမေးနေတယ်လေကွာ......"

" ဒီလိုပဲဖြစ်တာ......"

ပြန်ဖြေလာတဲ့အသံကခပ်တိုးတိုး။ ဒဏ်ရာမရှိသည့်ဘယ်ဘက်လက်ကိုခပ်တင်းတင်းဆုပ်ထားပုံအရတော့လူမိုက်ကောင်စိတ်ထဲတစ်ခုခုတော့ခံစားနေရဟန်တူသည်။
တစ်ခုခုဆိုအမြဲမျက်နှာသေနှင့်နေတတ်တဲ့လူမိုက်ကောင်ကိုဘာကြောင့်မှန်းမသိကြာလေကြာလေဆူပုတ်ပုတ်မျက်နှာလေးလို့ပဲမြင်နေမိတာကတော့ခက်တာပါပဲ......။

သူရိန်ခပ်ဖွဖွပြုံးလိုက်ရင်းလွှဲထားသည့်ဂျစ်တစ်တစ်နှင့်ဆူပုတ်ပုတ်မျက်နှာအားလက်နှစ်ဖက်နှင့်အုပ်ကိုင်ပြီးဆွဲလှည့်၍မျက်နှာချင်းဆိုင်စေလိုက်သည်။ အခုလေးတင်ဆူ ၊ အခုလေးတင်ပဲပြန်ချော့သလိုဖြစ်နေသည့်သူရိန့်ပုံစံကထူးဆန်းနေမလားတော့မသိပေမယ့်လို့လူမိုက်ကောင်ကိုကဒီလိုမျိုးထူးဆန်းတဲ့သူပဲမဟုတ်ဘူးလား။
အဲ့ဒီ့တော့ငါတို့ကလိုက်ဖက်တယ်လေ......။

" ပြောပါဦး ဘာကိုဘယ်လိုပဲဖြစ်သလဲ......"

မေးတစ်ချက်ဆတ်ပြရင်းမျက်ဝန်းကိုစိုက်ကြည့်ကာမေးမိတော့ပြန်ကြည့်လာတဲ့မျက်ဝန်းကခပ်ဝိုင်းဝိုင်း။ မထင်ထားသည့်အခြေအနေကြောင့်ထင်ပါရဲ့ ၊ နှုတ်ခမ်းကပါမဆိုသယောင်လေးပွင့်ဟနေတာများ။
တကယ်ပါပဲ...ဆွဲကိုက်ပစ်လိုက်ရ......။

" ပြောလေဗျ ဒီလိုမျိုးလက်လှလှလေးကိုပျက်ဆီးပြီးကြည့်မကောင်းအောင်လုပ်ရတဲ့အကြောင်းအရင်းကဘာလဲဆိုတာ......"

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now