EP - 20

1K 86 7
                                    

Unicode

" သား နိုးပြီလားကွယ့်......"

အပြုံးတစ်ပွင့်နှင့်ပြောလာတဲ့အမျိုးသမီးကြောင့်ညဉ့်ယံ‌အခန်းရှေ့တွင်ရပ်နေရာမှယောင်နနနှင့်သာခေါင်းညိတ်ပြမိသည်။ ထိုအခေါ်အဝေါ်ကိုမကြားရတာကြာပြီဖြစ်တာကြောင့်အခုလိုသွေးမတော်သားမစပ်သည့်သူဆီကပြန်ကြားရတော့လူကနေရတာတစ်မျိုးပင်။

" လာလေ ဒါဆိုအန်တီတို့နဲ့အတူတူbreakfastသွားစားရအောင်......"

စကားအဆုံးရှေ့ကနေဦးဆောင်လျှောက်သွားသူကိုကြည့်ရင်းညဉ့်ယံအတော်လေးစိတ်ညစ်သွားရသည်။ ဒီကိုရောက်တာတစ်ရက်နဲ့တစ်ညရှိပြီဆိုပေမယ့်ဟိုလူ့မိဘတွေနဲ့ကစကားဆယ်ခွန်းပြည့်အောင်တောင်မပြောဖူး။ မပြောဖူးတာထက်မပြောရဲတာဆိုလျှင်ပိုမှန်လိမ့်မည်။ ရှိန်သလိုလို ၊ နေရခက်သလိုလိုနှင့်မို့ကိုယ့်ဘက်ကတိတ်ဆိတ်ရင်တိတ်ဆိတ်။ မဟုတ်ရင်လည်းမဆုံမိအောင်‌တမင်ရှောင်‌နေတတ်တာကများသည်မဟုတ်လား။ အခုတော့ဘုရားဝတ်ပြုဖို့အတွက်ဘုရားခန်းရှာဖို့ထွက်လာကာမှပက်ပင်းကိုတိုးလေပြီ။

ညဉ့်ယံဘာလုပ်ရမှန်းမသိတော့တာကြောင့်အခန်းထဲသာပြန်ဝင်သွားလိုက်ပြီးအခုထိကုတင်ပေါ်မှာအိပ်နေတဲ့သူကိုအသည်းအသန်လှုပ်နှိုးလိုက်သည်။ ဒါတောင်မထသေးဘဲအင်းအဲလုပ်နေတဲ့သူကြောင့်ဘေးတွင်ဝင်ထိုင်ကာအတင်းဆွဲထူတော့မှမျက်လုံးမပွင့်တပွင့်နှင့်ထထိုင်သည့်သူရိန်လင်းလျှံပါလေ။

" ထတော့ခင်ဗျားရာ...ဟိုမှာခင်ဗျားအမေကကျုပ်ကိုမနက်စာအတူတူစားဖို့တဲ့လာခေါ်နေတယ်......"

" အင်း...အဲ့ဒါဆိုသွားစားလိုက်လေ......"

ပြန်ပြောလာသည့်အသံကပလုံးပထွေး။ လေးလုံးမကွဲသည့်စကားကိုသေချာနားထောင်နေမိတုန်းမျက်လုံးမပွင့်တပွင့်နှင့်ထထိုင်နေတဲ့သူကပြန်လှဲအိပ်သွားပြန်တာကြောင့်ပိုစိတ်ညစ်သွားရသည်။

" ခင်ဗျားရာ ထပါဆို...ကျုပ်တစ်ယောက်တည်းမသွားချင်ဘူး......"

" ဘာဖြစ်လို့လဲ ငါ့အမေကလည်းမင်းအမေပဲလေ ဘာမှမဖြစ်ဘူးပိုပြီးရင်းနှီးမှုယူလိုက်ပေါ့......."

ရွက်ကြွေနှောင်းမှ ပွင့်သောနေကြာWhere stories live. Discover now