Part _63

17.3K 899 60
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_63

"သားသားငြိမ်ငြိမ်နေနော်....မငြိမ်ရင် ဒီမှာ ကြိမ်လုံးတွေ့လား ကြိမ်လုံးကအသားစားချင်နေတယ်တဲ့ ....."

"ကြိမ်လုံးက အသားစားချင်ရင် ဖေဖေအသားကျွေးလိုက်လေ ......."

"ဂါမဏိတင်ထွဋ်!!!

''ဗျ''

''မင်း  မင်း နော် မင်း ငါ့စိတ်ကို တော်တော်ဆွနေတာပဲ''

''ဆွတာက ဘာလဲ  ဦးဦးဒီရဲ''

ဂါမဏိက စတိုခန်းဖက်ကို ကြည့်ပြီး လှည့်မေးနေတော့ပုန်းနေလို့ မရတော့တဲ့ ဟိုနှစ်ကောင်က စတိုခန်းထဲကနေ ထွက်လာကြတော့သည်....

'"ဟ   ဟ   ဘာပုံကြီးတွေလဲ ဘာတွေ ဖြစ်နေတာလဲကွ ဒါက"

ဒီရဲနဲ့ဆန်းတိုး မျက်နှာမှာ နှုတ်ခမ်းနီတွေက ရဲနေသည့်အပြင် ခေါင်းပေါ်မှာလည်းကလစ်ပေါက်စတွေက နည်းတာမဟုတ် ....

''အဟဲ ဘာပုံလဲဆိုတော့  အရှင်သခင်လေးရဲ့ လက်စွမ်းပြခြင်းကို ခံထားရရှာတဲ့ ဦးလေးနှစ်ယောက်ရဲ့ ဖြစ်အင်ပါ ခင်ဗျ"

''ဟ သူလုပ်တိုင်း ငြိမ်ခံနေရလားကွ  ဒါမျိုးမလုပ်ရဘူးလို့ နားလည်အောင် ပြောပါလား''

''ပြောပါသော်ကော ကိုနေတင်ရယ် ဆရာ့သားတော်မောင်က သူလုပ်ချင်တာရှိရင် ဘယ်တုံးကများ ပြောလို့ ရဖူးလို့လဲ''

''ဟာကွာ မင်းတို့ကလည်း အဲလောက် အလို မလိုက်နဲ့လေ ဆူစရာရှိ ဆူမှပေါ့ကွ''

''ဆူတောင် မဆူရသေးဘူး ကိုနေတင်ရယ် မလုပ်ရဘူးလို့ ဟန့်လိုက်ရုံ ရှိသေး''

''မျက်ရည်လေးတွေက တစ်စေ့.......ချင်း ကျလာပြီးတော့ နှုတ်ခမ်းလေးက မဲ့လာတာနဲ့  ကဲ ရော့ ကြိုက်သလိုလုပ်ဆိုပြီး ခေါင်းထိုးပေးလိုက်တာ''

''ဟားဟားဟား''

''ဟားဟားဟား''

''ဟားဟားဟား''

''ကိုကိုကြီးနော် အဲဒါ ရီစရာလား ကိုဆန်းတိုးတို့ကို အားနာစရာ ကောင်းလိုက်တာ သူလုပ်တာ အနော် နှုတ်ခမ်းနီလည်း ကျိုးသွားပြီ''

''ဝုတ်''

''အု''

''ဝုတ် ဝုတ်''

⚜️Nay Tin's Love Story⚜️Where stories live. Discover now