Part _66

15.3K 808 41
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_66

ဖေဖေက အမွေတွေကို သော်တာစိတ်တိုင်းကျ ပေးပစ်လိုက်လို့ ဒေါသထွက်သွားတယ်နဲ့တူပါရဲ့...
သော်တာကလည်း ငွေကြေးဥစ္စာဆိုတာ မလိုအပ်လောက်အောင် ကိုကိုကြီးက အကုန်ဖြည့်ဆည်းပေးထားတဲ့ လူဆိုတော့ အမွေတွေကို လိုအပ်တဲ့နေရာကို အကုန်လှူပစ်လိုက်တာဖြစ်သည်..

သော်တာသက်ပြင်းလေးချကာ အနောက်ကိုလှည့်ကြည့်လိုက်တော့ ကိုကိုကြီးက ကြည့်နေလေသည်....

"ကိုကိုကြီး "

"အင်း လာလေ"

ကိုကိုကြီးက လက်လေးကမ်းပေးတော့ သော်တာ ရှေ့တိုးကာ ကိုကိုကြီးပေါင်ပေါ်တက်ထိုင်ကာ လည်ပင်းလေးကိုသိုင်းဖက်လိုက်လေသည်...

"ကိုကိုကြီး ဖေဖေဆီက ဖုန်းလာတာ "

"အင်း ဘာတဲ့လဲသူက"

"ဖေဖေဖုန်းမဆက်ခင်ဟိုရက်တည်းက Magicက ရှယ်ယာတွေစျေးကျနေတာ အန်တီကြီးတို့ပြောတယ် ခန့်မင်းသာကလည်း နိုင်ငံခြားထွက်သွားတာ တစ်နှစ်ကျော်ပြီတဲ့ ဖေဖေတစ်ယောက်တည်းရုန်းနေရတာတဲ့ "

"သြော်"

"အခု ဖေဖေကလေ အနော်ဆီက ပိုက်ဆံချေးတယ်  ဒါပေမယ့် အနော်ပိုက်ဆံတွေကအကုန်လှူပစ်လိုက်ပြီလေ "

"ဘယ်လောက်တဲ့လဲ"

"သိန်းနှစ်သောင်းတဲ့ "

နေတင်မျက်ခုံးနှစ်ဖက် မြင့်တက်သွားလေသည်....

"အနော်က မရှိဘူး လှူပစ်လိုက်ပြီပြောတော့ စိတ်ဆိုးသွားတယ်ထင်တယ် ''ဘာ" ဆိုပြီးဖုန်းချသွားတယ်"

"သူက ဘာလို့ ကိုယ့်မိန်းမကို အော်ရတာလဲ "

အဖိုးကြီးရဲ့အကြံကိုသိနေတဲ့ နေတင်ဟာ သက်ကလေးက အမွေတွေလှူမယ်ဆိုတုန်းက ဘာတစ်ခွန်းမှာ ဝင်မပါပဲ ပါရမီဖြည့်ခဲ့ပေးသည်..

ဦးထွဋ်မြတ်အောင်လို ငွေမက်တဲ့လူက ကလေးကိုအမွေတွေအလွယ်တကူထုတ်ပေးပြီးရင် တနည်းနည်းနဲ့ ပြန်တောင်းမှာကိုတော့ သိနေခဲ့တာ...
အခုအချိန်တန်တော့ အစွယ်ကိုထုတ်ပြချင်နေပြီထင်သည်....

"အော်တယ်လို့ရယ်လည်းမဟုတ်ပါဘူး ကိုကိုကြီးရယ် သူ့ကိုမတိုင်ပင်လို့စိတ်ဆိုးသွားတယ်ထင်တယ်...အနော်ကလည်းအနော်ပါပဲ နည်းနည်းပါးပါးလှူပြီးလက်ထဲထားလိုက်ရမှာ ဖေဖေအခုလိုတောင်းမယ်မှန်းမှမသိတာ"

⚜️Nay Tin's Love Story⚜️Where stories live. Discover now