Part _57

21.6K 858 93
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_57

နေတင်က ရှုးရှုးရှားရှားနဲ့ ပျာယာခတ်နေတာကြောင့်...

"သူ့အဖေအိမ် မဟုတ်လား  စိတ်ကို အေးဆေးထားပါကွာ "

"မဟုတ်ဘူး ထွဋ်မြတ်အောင်က ကလေးရဲ့
အဖေရင်း မဟုတ်ဘူးကွ ....ဒီလူက အကြံသမား  ငါ့ကလေးကို သူ တစ်ခုခုလုပ်လိမ့်မယ်"

"ဟင်"

"ဟာ ကိုနေတင်"

ဒီရဲကပါ အနောက်ကရောက်လာကာ နေတင်ပြောတာကိုကြားပြီး အံ့သြသွားလေသည်.....

''ငါ  ရောဂါဖြစ်တာ သိပြီးတော့ ကုလို့ မလွယ်ဘူးဆိုတာ သိတော့ သူ့အိမ်အကြောင်းကို ငါစုံစမ်းကြည့်လို့ သိနေတာဒါကြောင့် သူ့အိမ်ကို လုံးဝ မဆက်သွယ်ပဲကမ္ဘာအသစ်ကလေး ငါဖန်တီးပေးခဲ့တာ...."

'''ဪ""

''ကဲ အဲဒါတွေ ငါနောက်မှ အေးဆေးပြောပြမယ် အခု ငါ့ကလေးနောက်ကို လိုက်ဖို့က ပိုအရေးကြီးတယ် ငါ အရင်သွားနှင့်တော့မယ် "

''ဒီရဲ  မင်းနဲ့အိသဲက ပစ္စည်းတွေ သိမ်းပြီး အိမ်ကို ပြန်လိုက် အိသဲကို ပို့ပြီးမှ ငါ့နောက်ကို လိုက်လာခဲ့"

''ဟာ ကိုနေတင် အဲဒီအိမ်ကို တစ်ယောက်ထဲတော့ မသွားနဲ့လေဗျာ'''

''ဟုတ်တယ် နေတင် ဒီရဲကိုပါ တစ်ခါထဲ ခေါ်သွား
အိသဲကို ငါပြန်ခေါ်သွားလိုက်မယ် ''

''ကျေးဇူးပါပဲ သက်ဦးရာ ငါက မင်းကို အားနာလို့ပါ''

''မင်းကွာ မင်းနဲ့ငါကြားမှာ အားနာတယ်ဆိုတာမျိုး လိုလို့လားကွ ''

''ကဲ အဲဒါဆို ငါတို့သွားပြီ ''

''အေး''
_
_
_
_
_
_

''အိသဲရေ မင်းက သက်ဦးနဲ့ အိမ်ကို ပြန်နှင့်လိုက်တော့ ''

''ဟုတ်ကဲ့ပါ ကိုနေတင်''

တက်ကြွ ဖြတ်လတ်လှတဲ့ ခြေလှမ်းတွေနဲ့ ကားပေါ်တက်ပြီး အလျင်အမြန် မောင်းနှင်ကာ ထွက်သွားကြတဲ့ နေတင်တို့ ဆရာတပည့် နှစ်ယောက်ကို သက်ဦးသခင် သဘောကျစွာ ပြုံးကြည့်နေမိသည်....

အဟွန်း ငါ့ကောင်ကြီးက အရင်အတိုင်း ပြန်ဖြစ်သွားပြီပဲ.....

ဦးထွဋ်မြတ်အောင်အိမ်ကို သွားနေတဲ့ တစ်လျှောက်လုံး သက်ကလေးရဲ့ ဖုန်းကို ခေါ်ပေမယ့် ဖုန်းမကိုင်တာကြောင့် နေတင်စိုးရိမ်လာလေသည်......
_
_
_
_
_
"ကျွီ!!"

⚜️Nay Tin's Love Story⚜️Where stories live. Discover now