Part _59

17.8K 1K 61
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_59

"အရှင်ဘုရား"

''တပည့်တော်သည် ချစ်မြတ်နိုးရလွန်းသူနဲ့ ကွေကွင်းရမယ့် ကံဆိုးမှုမျိုး ရှိနေခဲ့ပါလျှင် ဒီဘဝက နောက်ဆုံး ဖြစ်ပါရစေ ဘုရား ''

''ဝဋ်ကြွေးတွေ ရှိခဲ့ပါလျှင်လည်း တပည့်တော် တစ်ယောက်ထဲကသာ ခံယူပါရစေ ''

''သက်ကလေးနဲ့သားလေး ဘေးမသီ ရန်မခပါစေနဲ့ ဘုရား''

"ကိုနေတင် "

နေတင်က လှုပ်ရှားတုန်ယင်နေသော စိတ်နဲ့ ခန္ဓာကိုယ် တည်ငြိမ်အောင်လုပ်လိုက်ကာ ...

"ဒီရဲ ငါတို့ မင်းတပ်ကို ရောက်အောင်သွားမယ်"

"လွယ်ပါ့တော့မလား ကိုနေတင် အခုတောင် ရှေ့တိုးမရ နောက်ဆုတ်မရနဲ့"

"ဒီရဲ ငါတို့က ဒီကို ဘာလာလုပ်တာလဲ"

"မရီးကို လာရှာတာပါ ကိုနေတင်"

"အခု ငါ့မိန်းမနဲ့သားက ဘယ်ကို ရောက်လို့ ဘာတွေ ဖြစ်နေလဲ ....."

ကိုနေတင်ရဲ့ အသံကြီးက တိမ်ဝင်သွားကာ ရပ်သွားတော့....

"ကိုနေတင် တအားပင်ပန်းနေပြီလေ နည်းနည်းတော့ နားရမယ် မဟုတ်လား"

"ငါက မနားဘူးဆိုရင်တောင် နားနားပြီးသွားရမှာ ဒီရဲ သက်ကလေးနဲ့သား ဘာမှဖြစ်လို့မရဘူး ...သေချာတယ် သက်ကလေးက မင်းတပ်ရဲ့ အနီးတဝိုက်က ရွာတွေမှာရှိနေမှာ "

"ဒီညတော့ ဒီနားက ရွာစခန်းမှာပဲ နေရမယ့်ပုံပဲ ကိုနေတင် ရှေ့ဆက်သွားလို့ မရသေးဘူး"

တိုက်ပွဲတွေက ဆက်နေတာကြောင့် နေတင်တို့ ထိုရွာမှာပဲ သောင်တင်နေတာ တစ်ရက်ကျော်သွားပြီဖြစ်သည်...

"ကိုနေတင် နားလိုက်ပါလား"

"နားစရာလား ဒီရဲရာ လာပါကွာ ငါကအလတ်ကြီးပါကွ ဘာမှ မဖြစ်ဘူး"

လမ်းထိပ်ကို ရေကား ရောက်လာတဲ့အသံကြားတာနဲ့ ကိုနေတင်က သွားဖို့ပြင်နေလေသည်...

"လာ "

"ဟာ ကိုနေတင် ဟိုလူငယ်တွေ ကိုင်ထားတဲ့ ဆိုင်းဘုတ်ကို ကြည့်လိုက် "

"Flower in the Box Family မှ ရေအလှူ"

"ဒီကောင်လေးက တော်လိုက်တာကွာ သူ့ရှမ်းပြည်မှာလည်း လှူတာ နည်းတာမဟုတ်ဘူး မင်းလည်း တွေ့တာပဲလေ"

⚜️Nay Tin's Love Story⚜️Hikayelerin yaşadığı yer. Şimdi keşfedin