Part_52

16.1K 863 37
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_52

''ဟင်"

''ကိုယ် ..ကိုယ်ဝန်... ဟုတ်လား"

''ဟုတ်''

ကိုကိုကြီးမျက်နှာက ဝင်းခနဲ
ဖြစ်သွားပြီး အနားကို ချက်ချင်းရောက်လာတာမို့ သော်တာ ရင်ခုန်စွာဖြင့်  မော့ကြည့်နေမိသည်....

အိုးး ကိုကိုကြီးက အနော့်ကို မှတ်မိသွားတာများလား  ...

"ကိုယ်ဝန်က ဘယ်နှစ်လ ရှိပြီလဲ ဘယ်တုံးကတည်းက ရှိနေတာလဲ အခုကော နေလို့အဆင်ပြေရဲ့လား ဘာစားချင်လဲ''

''ရှင်'''

သူ့ဆီက မေးခွန်းတွေ တရစပ် ထွက်သွားတော့ ဆရာမက အံ့ဩဝမ်းသာနေရှာပြီး ဘာဖြေရမှန်းမသိ ဖြစ်နေတာကို မြင်တော့မှ နေတင် သတိဝင်လာကာ  ကိုယ်ရှိန် တန့်သွားရတော့သည်....

"ငါက ဟို  အင်း  ဟိုလေ ဘာမှ မဟုတ်တော့ဘူး မင်းအမျိုးသားကကော ဘာ ဘာပြောလဲ"

သော်တာ ဝဲတက်လာသော မျက်ရည်တွေကို မျက်တောင်ခတ်ကာ သိမ်းဆည်းလိုက်ရင်း ....

"ဘာ ဘာမှ မပြောပါဘူး ဦးနေ''

အဖျားခတ် တုန်ယင်နေသော အသံလေးကြောင့်
နေတင် သနားသွားရပြီး .....

''သူမပြောလည်း ဘာမှ မဖြစ်ဘူး အခု ငါပြောပြီလေ မင်းရဲ့ကိုယ်ဝန်အတွက် ဂုဏ်ယူပါတယ် အသေးလေး  ငါ အရမ်းဝမ်းသာတယ်"

''ဦးနေက အနော်ကိုယ်ဝန်ရှိတာ ဝမ်းသာတယ်ပေါ့နော် ''

''အင်း''

''ဘာဖြစ်လို့ ဝမ်းသာတာလဲဟင်''

''အဲဒါတော့ ငါလည်း မသိဘူး ဟိုလေ ငါက ဒီအတိုင်း......''

ကိုကိုကြီးက ဆက်ပြောဖို့ အခက်တွေ့နေရှာပုံရတာမို့  သော်တာ သက်ပြင်းချလိုက်ရင်း....

"သွားကြစို့  ဦးနေ''

''အင်း ဒါပေမယ့် မင်းအဝတ်အစားလဲမှ ဖြစ်မှာပေါ့  ''

'''အနော့်ရဲ့ အဝတ်အစားတွေကို ဦးနေပဲ အပြင်သွားရင် မဝတ်ရဘူးဆို''

သူပြောတာ နားထောင်လှတဲ့ ဆရာမလေးကြောင့် နေတင် ကျေနပ်စွာ ပြုံးလိုက်မိရင်း ....

⚜️Nay Tin's Love Story⚜️Where stories live. Discover now