Part _58

17.3K 912 77
                                    

⚜️Nay Tin's Love Story⚜️
~~~~~~
Part_58

"ညီလေးတို့ နားနေလိုက် အစ်ကိုတို့ ပစ်မယ် ပေး''

အပြောထက် လက်က ပိုမြန်နေတဲ့ နေတင်နဲ့ ဒီရဲလက်ထဲကို ေ-သနတ်တွေ ရောက်သွားပြီး နောက်မှာတော့ .....

"ဒိုင်း''

''ဒိုင်း''

"ဒိုင်း''

''ဒိုင်း''

ပစ်ခတ်သံတွေက မနားတမ်း ဆက်တိုက် ထွက်ပေါ်လာတော့သည်..... အလေ့အကျင့် ရှိနေခဲ့ပြီးသား လက်တွေမို့ တစ်ချက်တစ်ယောက် ထိဖို့ကတော့ သူနဲ့ ဒီရဲအတွက် အေးဆေးဖြစ်သည်.....

တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် ပစ်ခတ်နေကြရင်း ကျည်ဆံက ကုန်သွားတော့ နေတင် အကြံအိုက်သွားရသည်....

"ကဲ ဘာဆက်လုပ်ကြမလဲ မင်းတို့လူတွေ ဘယ်နားမှာ ရှိသေးလဲ ငါကျည် သွားယူမယ်''

''ဟိုဖက်နားက ကျွန်တော်တို့ လူတွေလည်း ကျည်ကုန်နေပြီတဲ့ ပြန်ဆုတ်ဖို့ အချက်ပေးနေပြီ အစ်ကို"

"တောက် ခံပြင်းဖို့ ကောင်းလိုက်တာကွာ ''

နေတင် ဒေါသထွက်လွန်းစွာဖြင့် လက်သီးဆုပ်ပြီး အံကို တင်းတင်းကြိတ်ထားမိတော့သည် ....

ဒဏ်ရာရထားတဲ့ ကောင်လေးတွေခမျာမှာလည်း တောက်တခေါက်ခေါက်.....

''တောက်"

''အာကွာ ဟားးး''

အခြေအနေကို လက်ခံဖို့ ခက်ခဲနေပုံနဲ့ ခံပြင်းကြေကွဲနေရှာတဲ့ လူငယ်လေးတွေရဲ့ ရင်ထဲကို သူထွင်းဖောက် မြင်နေရတာ ရင်နာလှသည်....

အခုမှ ဝင်ကူမိတဲ့ သူတို့နှစ်ယောက်တောင် ဒီလောက် ဒေါသထွက် ခံပြင်းနေမှတော့ တောက်လျှောက် တိုက်လာခဲ့တဲ့ လူတွေအဖို့ကတော့ ဘယ်လောက်တောင်များ ခံရခက်မလဲဆိုတာ မေးကြည့်နေစရာကို မလို......

"ကဲ အဲဒါဆိုလည်း ဆုတ်ကြတာပေါ့ကွာ လောကကြီးမှာ အသက်မသေပဲ ရှင်ကျန်နေဖို့က အဓိကကွ အသက်ရှင်နေမှ ငါတို့ လိုချင်တာ ဆက်လုပ်နိုင်မှာ''

''ဒိုင်း''

''ဒိုင်း''

''ဟာ ဟိုဖက်က လှမ်းပစ်နေတယ်ကွ ဒီအကွယ်လေးကို ပြန်ဝင်နေကြဟေ့''

⚜️Nay Tin's Love Story⚜️Where stories live. Discover now