Part _61

22.4K 976 52
                                    

⚜️Nay Tin's Love Story⚜️
~~~~~~~~~~~~~~~~~~
Part_61

"ကဲ ကဲ ကဲ တော်ကြပါတော့ အဆဲဘုရင်ကြီးတွေရယ် ကျွန်တော်စိုင်းဟန်ခမ်းဖိတ်ကပဲ ကြားထဲကနေ  တောင်းပန်ပါတယ်ခင်ဗျ ဒိုင်ပွဲရပ်နဲ့ပဲ နှစ်ယောက်စလုံးကို ပူးတွဲချန်ပီယံ ပေးပါတယ်ဗျာ"

"အေး ငါ့ညီဟန်ခမ်း မျက်နှာနဲ့ သည်းခံလိုက်မယ် နောက်တစ်ခါတော့  ပွဲကြီးပွဲကောင်းလို့သာ မှတ်လိုက်''

''ကောင်းလိုက်မယ့်ပွဲဗျာ အခုပဲ ချမယ်လေ စိန်ခေါ်ပွဲ ချမလား''

''စက်''

''ဟာ နရီ''

သျှင်နေစက်တို့ကတော့ မိန်းမအသံကြားတာနဲ့ လူလိမ္မာရုပ်လေးကဲ့သို့ချက်ချင်းပြောင်းသွားလေသည်....

"ဒီမှာ ကြည့်ပါအုံး စက်ရယ် တူလိုက်တာ အရမ်းပဲ''

အကောင်ပေါက်လေး ထောင်ပြနေတဲ့ ပန်းချီစာအုပ်ထဲက ဂါမဏိရဲ့ ပုံတူလေးကို ကြည့်ပြီး သျှင်နေစက် တော်တော် အံ့ဩသွားရသည်.....

နရီကိုယ်တိုင်လည်း သူမရဲ့ မျက်လုံးလှလှလေးတွေ ဝိုင်းစက်နေတဲ့အထိ အံ့ဩနေပြီး သူ့လက်ထဲကို ပန်းချီစာအုပ်လေး လာထည့်ပေးလေသည် .....

"တူလှချည်လား ဒါက ဘယ်သူ ဆွဲထားတာလဲ ဆရာလား''

ပန်းချီဆရာ ထီဆန်ဝမ်ဆင်ကိုပါ ဖိတ်ထားတာကြောင့် ဆရာက အအေးသောက်ရင်း သူမဟုတ်ကြောင်း ခေါင်းခါပြလေသည်......

နေတင်က ကျေနပ်စွာ ပြုံးလိုက်ရင်း ရင်ဘတ်ကို လက်နဲ့ ပုတ်ကာ....

''မဟုတ်ပါဘူးကွာ ဟောဒီက ကလေးအဖေကိုယ်တိုင် ဆွဲထားတာပါ"

''တကယ့်ကို ဂါမဏိပဲ ကိုနေတင် အရမ်းတူတယ်
ခင်ဗျား တကယ်တော်တယ်ဗျာ "

နေစက်က ပန်းချီစာအုပ်ကို ဆက်ပြီးတော့ လှန်ကြည့်နေရင်း ...

အိမ်ထဲကို ပြေးဝင်လာတဲ့ ဂါမဏိ ပုံကလေးကို မြင်တော့ ....

""ဟာ ဒီပုံလေးက အသက်ဝင်လိုက်တာ အိမ်ကလည်း ဒီအိမ်ကို ဆွဲထားတာပဲ"

''အင်း  ဂါမဏိလေးက ဒီအိမ်ထဲကို ပြေးဝင်လာတယ်လို့ ငါကောငါ့မိန်းမကော တစ်ပြိုင်ထဲ အိမ်မက် မက်တာလေ ''

⚜️Nay Tin's Love Story⚜️Where stories live. Discover now