Chapter { 18 }

269 42 5
                                    

Chapter 18 - မြေးမလေးက ကမ္ဘာပေါ်မှာ အကောင်းဆုံးပဲ

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

သူတို့သာ ရန်ဖြစ်ခဲ့ရင် ပေါက်စလေးကပဲ တစ်ဖက်သက် အရိုက်ခံရမှာ။

Ye Sang က အိမ်တော်ထိန်းကို မှီလိုက်ပြီး သူမ၏ ဖြူဥနေသော မျက်နှာလေးနှင့် ပွတ်သပ်လိုက်သည်။

"အိမ်တော်ထိန်း ဖိုးဖိုး ၊ ဖိုးဖိုးက အရမ်းကောင်းတာပဲ"

သူမ၏ အပြုအမူတွေက လူတိုင်းကို ရယ်မောစေခဲ့ပြီး သူမ ဘယ်လောက်တောက် ချစ်ဖို့ ကောင်းကြောင်း တိတ်တဆိတ် အော်ဟစ်မိစေခဲ့သည်။

အိမ်တော်၏ လေထုသည် ပျော်ရွှင်ဖွယ်အတိနှင့် သဟဇာတ ဖြစ်နေခဲ့သည်။ ပေါက်စလေး‌တွင် နူးညံ့ပြီး ချစ်စရာကောင်းသော အသံလေး ရှိပြီး သူမ၏ အပြုံးမှာ နေလေးတစ်စင်းနှယ်; လူတိုင်း၏ နှလုံးသားကို လွယ်လွယ်ကူကူ အရည်ပျော်စေခဲ့သည်။

လူများက ကလေးမလေး ပတ်လည်တွင် ဝန်းရံပြည့်ကျပ်နေချိန်တွင် သခင်ကြီး Huo သည် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ပွက်လောရိုက် နေသော မြင်ကွင်းကို ကြည့်ပြီး သူအနည်းငယ် တွေဝေသွားခဲ့သည်။ သူ၏ တုံ့ပြန်မှုမှာ နှေးနေခဲ့ပြီး ဒီမြင်ကွင်းမှာ သူ့ *‌အပေါစား သား ခေါ်လာသည့် မြေးမလေးကြောင့် ဖြစ်သည်ဆိုတာကို ‌နောက်မှ သဘောပေါက်သွားသည်။

(အောက်ဆုံးမှာ note ကို တစ်ချက်ကြည့်ပေးပါ)

အိမ်တော်ထိန်းတွင် အာရုံခံနိုင်စွမ်း ကောင်းကောင်း ရှိနေခဲ့ပြီး သခင်မလေး လက်ကို ဆွဲလိုက်ကာ သခင်ကြီး Huo ဆီသို့ ခေါ်လာလိုက်၏။ သူမကို သူ့အရှေ့သို့ မိတ်ဆက်မှု တစ်ခုနှင့်အတူ တွန်းပို့လိုက်သည်။

"သခင်ကြီး ၊ သခင်မလေးက ဒီမှာပါ။"

(Huo Yao တစ်ယောက်ပဲ Ye Sang က သူ့အဖိုးနဲ့  တွေ့ပြီးသွားတာ သိထားတာပါ)

ရင်းနှီးနေသော မျက်နှာကြောင့် Ye Sang ၏ ကြောင်မျက်လုံးလေးများ တောက်ပသွားခဲ့သည်။ သူမ၏ ‌ကြွပ်ဆက်သော အသံလေးနှင့်အတူ သူ့မကိုယ်သူမ ပစ်သွင်းလိုက်သည်။

"ဖိုးဖိုး!"

သူမ၏ ကြွပ်ဆက်သော 'ဖိုးဖိုး' ဆိုသည့် ခေါ်သံလေးက သခင်ကြီး Huo ၏ မကြည်သာသော စိတ်ကို ချက်ချင်း ပျောက်ကွယ်သွားစေသည်။

You've reached the end of published parts.

⏰ Last updated: Apr 28 ⏰

Add this story to your Library to get notified about new parts!

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now