Chapter { 11 }

1.3K 216 13
                                    

Unicode

Chapter 11 - လူသားဆန်စမ်းပါ ၊ နော်?

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

လူရွယ်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေးမလေးကို လက်ဝှေ့ယမ်းပြလိုက်သည်။

ပေါက်စလေးက အန်တီ Li ၏ လက်မောင်းထဲမှ တွန့်ဆုတ်စွာ ရုန်းထွက်လာခဲ့သည်။

"ဖေဖေ"

သူမ၏ နူးညံ့သော ခေါင်းလေးအား မော့လိုက်ပြီး သူမ၏ ခြေထောက်တိုလေးများနှင့် သူ့ထံသို့ လိမ္မာစွာ ေလျှာက်လာခဲ့သည်။ သူမ၏ မျက်လုံးနက်နက်များက သူ့အပေါ်သို့ ကျရောက်နေပြီး ဘာဖြစ်နေလဲ နားမလည်ကာ စိတ်ရှုပ်ထွေးနေသည့်ပုံနှင့်။

Huo Yao က ခပ်ဖွဖွ အသံတစ်ချက် ပေးကာ သူ၏ နက်မှောင်နေသော မျက်လုံးများမှာတော့ သူမခေါင်းပေါ်ရှိ ထောင်နေသော ဆံပင်မျှင်ဆီသို့ စူးရှစွာ စိုက်ကြည့်နေခဲ့သည်။ သူမတတ်နိုင်ဘဲ သူ့လက်ကို မြှောက်ကာ ဖိချလိုက်သည်။

ဟင်း...

အဲ့တာ မအောင်မြင်ဘူး။

သူအေးစက်နေသော မျက်နှာနှင့် ဆံပင်မျှင်လေးအား မဆုတ်မနစ် ဆက်လက် ဖိချနေတော့သည်။

အဆုံးတွင်တော့ သူမလုပ်နိုင်ခဲ့ပေ။

Huo Yao ၏ မျက်နှာမှာ အပြည့်အဝ နက်မှောင်လာခဲ့သည်။

Ye Sang က လူရွယ်၏ အေးစက်လာသော မျက်နှာ အမူအရာကို ကြည့်ပြီး သူမနှုတ်ခမ်းများကို ကိုက်လိုက်ကာ နူးညံ့စွာ ခေါ်လိုက်သည်။

"ဖေဖေ..."

Huo Yao က ကလေးမလေး၏ *ခြိမ်းခြောက်နေသော မျက်ဝန်းများကြောင့် သူဆက်ပြင်ပေးနိုင်မည့် နည်းမရှိတော့သည်ကို မြင်လိုက်ရသည်။ သူ မျက်မှောင်ကြုံ့လိုက်ပြီး ကလေးမလေး ဘာကို ​ကြောက်ရွံ့နေသည်အား နားမလည်နိုင်ခဲ့ပေ။

(T/N: sangsang က ဘာမှ မခြိမ်းခြောက်ပါဘူး။ သူ့ဘာသာ ကလေးရဲ့ ချစ်စရာကောင်းမှုတွေကို ခြိမ်းခြောက်ခံရသလို ခံစားနေရတာ😂🤡)

"မင်းငါ့ကို ကြောက်လား?"

Ye Sang က သူမ၏ နူးညံ့သော ခေါင်းသေးေသးလေးကို ရွှေ့လိုက်ကာ တစ်ခဏလောက် စဥ်းစားပြီးနောက် စိတ်ပါလက်ပါ ခေါင်းညိတ်ပြလိုက်သည်။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now