Chapter { 1 }

3.3K 434 16
                                    

Unicode

Chapter 1 - ဒါမင်းရဲ့သမီးပဲ သူမကို ယူပြီးရင် လက်မှတ်ထိုးပေးပါ

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

Huo Yao ဟာ မိန်းမတွေနဲ့ တစ်ဦးချင်းစီ နှီးနှောဆက်ဆံလေ့မရှိသလို ချဥ်းကပ်ဖို့ ခက်ခဲတာကြောင့်လည်း နာမည်ကြီးတယ်။

သူရဲ့ ခုတင်ပေါ်ကို တွယ်တက်ချင်သည့် မိန်းမတော်တော်များများရှိနေပေမဲ့ အဆုံးမှာတော့ သူတို့ရဲ့ ဂုဏ်သတင်းတွေသာ ပျက်သွားရပြီး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ထွက်သွားကြရသည်။

သူ၏ရက်စက်မှုနဲ့ ခက်ထန်မှုအဆင့်ဟာ အလွန်ဒေါသထွက်စရာ ကောင်းသည်။

ထို့ကြောင့် ချမ်းသာသည့် မိသားစုများမှ သခင်မလေးများသည် သူ၏ ခုတင်ပေါ် တက်ရန် ကြိုးစားပြီး ကျရှုံးသွားကြသည့်နောက်တွင် သူတို့၏ ချစ်ခြင်းတွေက အမုန်းသို့ ပြောင်းလဲသွားကြကာ ထိုခွေး Huo Yao က သူ့ဘဝတစ်လျှောက်လုံး ဆက်ခံသူမရှိကာ တစ်ယောက်တည်းနေရမည့် ကံကြမ္မာပါသည်ဟု ကျိန်ဆဲသွားကြတော့သည်။

Huo Yao က တစ်ခါတစ်ရံ ထိုကောလဟာလတွေကို ကြားသောအခါ ထိုသူတို့အား ပြန်ကာ သရော်သည်။

"ဆက်ခံသူမရှိဘူး?ကျွစ် ငါက ကလေးလို ဟာမျိုးကို လိုအပ်နေလို့လား?"

"ကလေးတွေဆိုတာ ဝန်ထုတ်ဝန်ပိုးတစ်ခု ဖြစ်ပြီး ပိုက်ဆံလည်း ကုန်သေးတယ်။ ဒါပေါ့"

ထိုအချိန် သူ့ရဲ့စိတ်က ရုတ်တရက် ပြောင်းသွားပြီး သူရဲ့ ​ေချာမောတဲ့ မျက်နှာဟာ ခန့်မှန်းလို့ မရတဲ့ အေးစက်မှုတွေနဲ့ ပြည့်သွားတယ်။

"အကျိုးအမြတ်တွေက အရာအားလုံးရဲ့ အထက်မှာ ရှိနေတဲ့ ဒီလိုမျိုးဆက်ခေတ်ကြီးမှာ သူက ဘာမှ အသုံးမဝင်သေးရင်တောင် ငါအဲလိုအရာလေး(ကလေး)အတွက် စီးပွားရေးလက်ထပ်မှုတစ်ခုကို စီစဥ်ပေးနိုင်တာပဲ"

နားထောင်သူ:  ဒါက လူတစ်ယောက် ပြောရမယ့် စကားလား?

ဒီခွေးလိုလူက သူ့ကလေးကိုတောင် လွယ်လွယ်နဲ့ လွှတ်မပေးဘူး။

သူ့အတွက် အကျိုးအမြတ်တွေ ပိုရအောင် သူ့ကလေးကို အသုံးပြုဖို့တောင် စီစဥ်ထားတယ်: စီးပွားရေးလက်ထပ်ပွဲ တစ်ခုတဲ့။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now