Chapter { 5 }

2K 324 3
                                    

Unicode

Chapter 5 - ဒီကလေးက ဘယ်က လာတာလဲ?

❇▫❇▫❇▫❇▫❇▫❇▫❇▫❇

Huo Yao ဟာ ဘယ်တုန်းကမှ ကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့ဘူး။သူ့မျက်လုံးတွေထဲမှာ သူကိုယ်တိုင်ရဲ့ အကျိုးတွေအတွက် စီမံချက်များသာ ရှိသည်။

မိသားစုချစ်ခြင်းမေတ္တာဆိုတာ အကျိုးအမြတ်တွေရှေ့မှာ ထုတ်ပြောခံရဖို့ မတန်ဘူး။

Huo Yao သူ့မျက်ခုံးတွေကြားက နေရာကို ပွတ်လိုက်ပြီး မေးခွန်းများစွာနှင့် ရုန်းကန်ချင်စိတ် မရှိတာကြောင့် အေးစက်စွာသာ နှာမှုတ်လိုက်သည်။

ကားရပ်သွားသည်နှင့် လူရွယ်က အရင်ဆုံး အပြင်ထွက်လိုက်သည်။

Ye Sang လေးဟာ အိပ်ချင်စိတ်ကြောင့် ဟိုဘက်သည်ဘက် ယမ်းလို့ နေသည်။ သူမဟာ Huo Yao ရဲ့ ခြေထောက်ရှည်ကြီးကို မြင်ပြီး သူမရဲ့ ခြေထောက်တိုတိုလေးတွေနဲ့ နှိုင်းယှဥ်ကြည့်မိသည်။ သူမဟာ စက္ကန့်အနည်းကြာအောင် တိတ်ဆိတ်သွားပြီး Huo Yao ရဲ့ ပေါင်တွေကို တုံ့ဆိုင်းခြင်းမရှိ တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ သူမကိုယ်သူမ သူ့ပေါင်တွေကို တွဲခိုထားလိုက်တော့သည်။

ဝေးလွန်းတယ်...

လမ်းမလျှောက်ချင်တော့ဘူး။

"..."

Huo Yao သူ့ကိုယ်သူ ထိုကလေးအား လွှင့်ပစ်ချင်စိတ်မှ ထိန်းထားလိုက်ကာ အေးစက်ပြီး မပြောင်းလဲသော မျက်နှာနှင့် သူမကို ကော်လာအနောက်ဘက်မှာ ဆွဲမြှောက်ကာ ရှေ့သို့ လျှောက်သွားတော့သည်။

ကလေးမလေးဟာ အကြိမ်အနည်းငယ်လောက် ပင်ပင်ပန်းပန်း ရုန်းကန်ပြီးနောက် သူမ၏ ကြောင်မျက်လုံးများနှင့် သူမပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။

"ဖေဖေ..."

"သမီးကို ဘယ်ခေါ်လာတာလဲဟင်?"

Huo Yao က စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်နေပြီး သူ့ဒေါသကို ထိန်းထားလိုက်တယ်။

"အိမ်ကို"

"ဟုတ်ပြီလေ!"

ပေါက်စလေးဟာ သက်သောင့်သက်သာမဖြစ်စွာနဲ့ သူမရဲ့ ခန္ဓာကိုယ်လုံးလုံးလေးကို ကွေးလိမ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောတော့ဘဲ ဘေးပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်နှင့် လေ့လာနေတော့သည်။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now