Chapter { 14 }

1K 163 15
                                    

Unicode

Chapter 14 - Sangsang ကို မကိုက်ပါနဲ့

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

Ye Sang လေးဟာ သူမအဖေ၏ ရက်စက်ယုတ်မာသော အပြော "ကျုပ်ကို ဆန့်ကျင်တဲ့သူတွေ အကုန်လုံး ဘယ်တုန်းကမှ အဆုံးသတ်မကောင်းခဲ့ဘူး" ကို ကြားသောအခါ သူမနှုတ်ခမ်းတွေ တွန့်သွားခဲ့ပြီး အသက်ကို ေအာင့်ထားရင်း တစ်ခုခုနောက်တွင် ဂရုတစိုက်ပုန်းလိုက်ကာ စိတ်ပူပန်စွာ တွေးနေခဲ့သည်။

သူမဖေဖေက သူ့လျို့ဝှက်ချက်ကို သူမ မြင်သွားတာကို သိတဲ့အခါ သူမကို နှုတ်ပိတ်ဖို့ သတ်မှာလား?

ပေါက်စလေးရဲ့ အကြည့်ဟာ ခေါင်းကွဲနေကာ နောက်ဆုံးထွက်သက်ကို ရှုထုတ်ရတော့မလို ဖြစ်နေသည့် လူကြီးဆီသို့ ရွှေ့သွားပြီး သူမနှလုံးသားလေးမှာ အနည်းငယ် တင်းကြပ်သွားခဲ့သည်။

ဒါပေမဲ့ အဲ့ဦးလေး...

သနားစရာလေး။

သူမအနောက်က ခွေးပေါက်လေးသည် အထိတ်တလန့်ဖြင့် သူမကို ပတ်နေခဲ့သည်။

အဲ့တာက male lead Duan Jinyuan ရဲ့ ဦးလေးပဲ။ အကယ်၍ Sangsang ရဲ့ အဖေသာ သူ့ကို သေအောင် ရိုက်သတ်လိုက်ရင် male lead နဲ့ သူ့ကြားမှာ အညှိုးအတေးကို တရားဝင် ဖန်တီးလိုက်မိမှာ။

ရုတ်တရက် ထွက်လာသော တွန်းအားတစ်ခုနှင့်အတူ ခွေးပေါက်လေးက ကလေးမလေး ညအိပ်ဝတ်စုံပေါ်ရှိ အမြီးလေးကို ကိုက်ပြီး ဟောင်လိုက်သည်။

ငတုံးမလေး

မြန်မြန်ဖြေရှင်းချက်အချို့ သွားလုပ်တော့လေ!

Ye Sang ဟာ ပုန်းနေခဲ့ပြီး သူမ၏ ညအိပ်ဝတ်စုံ အကိုက်ခံလိုက်ရသောအခါ သူမ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် အေးခဲသွားခဲ့သည်။

သူမသည် မသိစိတ်အရ အမြီးကို ဆွဲယူရန် ကြိုးစားလိုက်သော်လည်း ခွေးပေါက်လေးက ပို၍ ပြင်းထန်စွာ ကိုက်ဆွဲထားခဲ့သည်။

"ဝူး..."

Ye Sang ၏ ကြောင်မျက်လုံးလေးများမှာ ပြူးကျယ်သွားပြီး သူမမျက်လုံးများထဲတွင် မျက်ရည်များ စတင်စုဖွဲ့လာခဲ့သည်။ သူမ၏ အမြီးလေးကို ကာ၍ ငိုကြွေးကာ

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now