Chapter { 10 }

1.9K 344 28
                                    

Unicode

Chapter 10 - ငါတို့ကို သမီးလိုချင်အောင် လုပ်နေတယ်!

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

အဖိုး Huo က သူ့မျက်လုံးတွေကို မှေးလိုက်ပြီး အဖေနှင့် သမီးကို လေ့လာကြည့်လိုက်သည်။

အမျိုးသားက Ye Sang ၏ ခေါင်းလေးကို သိမ်မွေ့သော အမူအရာနှင့် ပွတ်ပေးနေသည်ကို သူတွေ့ရပြီး ကလေးမလေး၏ စိုးရိမ်ပူပန်စွာ စောင့်ဆိုင်းနေသည့် မျက်လုံးများ အောက်တွင် ရက်စက်စွာ အိမ်တော်ထိန်းအား သူမကို အောက်ထပ် ခေါ်သွားခိုင်းလိုက်သည်။

တစ်ခဏလေးအတွင်းတွင် ဖြစ်ပေါ်ခဲ့သော နွေးထွေးမှုလေးမှာ ထင်ယောင်ထင်မှား ကဲ့သို့ပင် ထင်ရသည်။

သခင်ကြီး Huo မှာ သူ၏ ရေနွေးခွက်ကို ကောက်ကိုင်လိုက်ပြီး လေး​လေးနက်နက် ပြုံးပြရင်း သူ့သားကို လေ့လာလိုက်သည်။

သားတစ်ယောက်ကို သူ့အဖေထက် ဘယ်သူမှ ပိုနားလည်မှာ မဟုတ်ဘူး။

သူ့သားက ဘယ်လောက် အေးစက်လဲဆိုတာ သူက အခြားလူတွေထက် ပိုသိခဲ့သည်။

ယခုတော့ သူ ကလေးမလေး တစ်ယောက်အား ဤလောက် ညှင်သာလှသည့် အမူအရာများကို ပြခြင်းက တကယ့်ကို မယုံကြည်နိုင်ဖွယ် ဖြစ်သည်။

"မိဘဖြစ်ကြောင်း စစ်ဆေးချက် မင်းလုပ်ပြီးသွားပြီးလား?အဲ့မိန်းကလေးက တကယ်ပဲ မင်းရဲ့ သမီးလား?"

သခင်ကြီး Huo က စိမ်ပြေနပြေ တစ်ငုံ သောက်လိုက်ကာ သူ၏ စူးရှပြီး သိမ်းငှက်နှင့် တူသော မျက်လုံးများက Huo Yao ပေါ်သို့ ကျဆင်းလာပြီး သိပ်မပြင်းထန်ဘဲ သတိပေးလိုက်သည်။

"မင်းအဲ့ကလေးကို ဘယ်က ရခဲ့လဲ ငါမမေးတော့ဘူး ၊ ဒါပေမဲ့ Shen မိသားစုရဲ့ လှုပ်ရှားမှုကြီးတွေကို သတိပြုဦး။ ဒီကလေးမရဲ့ ဇစ်မြစ်က ထူးဆန်းတယ်။ ငါ့လူတွေကို စုံစမ်းခိုင်းလိုက်မယ်"

သူစကားပြောနေရင်းနဲ့မှ သက်ပြင်းချလိုက်ပြီး အံ့ဩစရာကောင်းစွာနဲ့ပဲ သူ့အသံက နူးညံ့လာကာ

"သူက တကယ်ပဲ မင်းရဲ့ သမီးဆိုရင် သူ့ကို ဒီနေရာ Huo မိသားစုမှာ ပျိုးထောင်ပါ။ မင်းရဲ့ လူအိုကြီးက ပျင်းနေတယ်။ ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အရာတွေရဲ့ အာဏာကို လွှဲပြောင်းဖို့ ငါသဘောတူပေးမယ်"

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now