Chapter { 2 }

2.3K 370 3
                                    

Unicode

Chapter 2 - Huo Yao လို လွန်လွန်ကျူးကျူး မပြုမူနဲ့

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

"ချာတိတ်လေး မဟုတ်ဘူး..."

ကလေးမလေးဟာ အဖေနံပါတ်တစ်ရဲ့ ရက်စက်မှုကို ပြန်လည်သတိရပြီး သူမအဝတ်တွေကြားထဲ ယုံကြည်မှုမရှိစွာ လည်ပင်းလေးကို ပုဝင်လိုက်သည်။

"Sangsang မှာ နာမည်ရှိတယ်"

သူမမှာ မုန်တီးနေသည့်ပုံနှင့် အလေးအနက်ထား ပြောလိုက်သည်။

"သမီးနာမည်က Ye Sang!"

Huo Yao က ထိုင်ခုံပေါ်တွင် လျော့ရဲစွာ မှီထိုင်လိုက်ပြီး ဘောလုံးလေးကို စွေစောင်းကာ ကြည့်လိုက်ပြီး သရုပ်ဆောင်လိုက်သည်။ ပေါ့ပါးစွာ ပြုံးရင်း သူမကို ရုတ်တရက် စချင်စိတ် ပေါက်လာတော့သည်။

"မင်းနာမည်က ဘာ?"

ပေါက်စလေးက ဗလုံးဗထွေး ပြန်ပြောသည်။

"Ye Sang!"

သူမရဲ့ ချစ်စရာအသံလေးကို ဆဲွဲပြီး ပြောလိုက်သည်။ သူမရဲ့ ညင်သာတဲ့ အသံလေးကြောင့် သီးသန့်အတွင်းရေးမှူး Zhao နှာခေါင်းသွေးလျှံတော့မလို ခံစားလိုက်ရသည်။

"Oh...."

ဒါပေမဲ့ Huo Yao ဆိုတဲ့ မိန်းမပျိုလေးတစ်ယောက်ရဲ့ နှလုံးသားမရှိသည့် သူက အပြုံးတုတစ်ခုပန်ဆင်ကာ ပြောလိုက်သည်။

"မင်းရဲ့မျိုးရိုးနာမည်က Ye ပေါ့"

ထို့နောက် အေးစက်သော မျက်နှာနှင့် ဆက်ပြောလိုက်သည်။

"သူမကို ရဲစခန်းပို့လိုက်တော့ ၊ အခု ၊ ချက်ချင်း ၊ တစ်ခါတည်း!"

ထိုအမျိုးသားဟာ သူ့မျက်လုံးတွေ ပင့်ကြည့်လိုက်တဲ့ အခါမှာ ကလေးမလေး၏ ချစ်စရာကောင်းမှုကြောင့် အပြည့်အဝကို စိတ်ရှုပ်ထွေးနေသော သီးသန့်အတွင်းရေးမှူး Zhao ကို တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းတို့ အနည်းငယ်တွန့်သွားကာ ထိုသူအပေါ် မျှော်လင့်ချက်တို့ ချက်ချင်းကုန်ဆုံးသွားမိသည်။

Huo Yao က မျက်နှာသေနှင့် မတ်တပ်ထရပ်ကာ စက်ဆုပ်ရွံရှာသည့်ပုံနှင့် ကလေးမလေးအား ကော်လာမှ ဆွဲမြှောက်လိုက်သည်။ သူမအား ခြေဆုံးခေါင်းဖျား လေ့လာပြီးနောက် အေးစက်စွာ လှောင်လိုက်သည်။ ထို့နောက် သူမအား အပြင်သို့ ကန်ထုတ်ရန် တစ်ဖက်သို့ လှည့်လိုက်သည်။

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါWhere stories live. Discover now