Chapter { 8 }

1.7K 335 25
                                    

Unicode

Chapter 8 - ဖေဖေ Huo Yao

❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇▫❇

သူမလို လိမ္မာတဲ့ ကလေးမလေးကို အလိုလိုက်မယ့်အစား သူ(​အ​ဖေဖြစ်သူ)က ဘယ်လိုတောင် ငိုအောင် လုပ်ရက်ရတာလဲ?

သူ့မှာသာ ဒီလိုမြေးတစ်ယောက် ရှိခဲ့မယ်ဆိုရင် သူက ကမ္ဘာပေါ်က အကောင်းဆုံးအရာတွေကို သူမကို ပေးပြီး ဘယ်တော့မှ မတရားခံစားစေမည် မဟုတ်ပေ။

Ye Sang က ခေါ်ညိတ်လိုက်ပြီး အဖိုး Huo ၏ လက်ကို သူမ၏ လက်ဖောင်းဖောင်းလေးများနှင့် အနည်းငယ်တင်းကြပ်စွာ ဆုပ်ကိုင်ကာ ကလေးဆန်ဆန် ရှုိက်ငိုတော့သည်။

"ဖေဖေက ဆိုးတယ်..."

"သမီး ဖေဖေ့ကို မလိုချင်တော့ဘူး..."

အဖိုး Huo ရဲ့ လက်တွေဟာ သူမ၏ ဖျော့တော့ပြီး နူးညံ့သော လက်တစ်စုံနှင့် ဆုပ်ကိုင်ထားခြင်းကို ခံထားရသည်။ ပြီးနောက် သူမက သူ့အား မျက်ရည်ပြည့်နေသော မျက်ဝန်းများနှင့် စိုက်​ြကည့်လိုက်သည်။ သူ၏ နူးညံ့သော နှလုံးသားနှင့်အတူ သူအသာအယာ သက်ပြင်းချလိုက်သည်။ ထို့နောက် ကလေးမလေးနောက် သံယောင်လိုက်ကာ ပြောလိုက်သည်။

"ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ ဟုတ်ပြီ ၊ ဖိုးဖိုးတို့ဒီမှာ ဖေဖေ့ကို အလိုမရှိဘူး"

သူ့ရဲ့ သမီးကိုတောင် ထိုသူက ငိုအောင်လုပ်နိုင်ရင် အဖေဖြစ်သူက ကောင်းတဲ့လူတစ်ယောက် ဖြစ်မှာ မဟုတ်လောက်ဘူး။

----------------------

Huo Yao ဖြည်းဖြည်းချင်း လျှောက်လာပြီး ေဘးပတ်လည်များကို ဖျတ်ကနဲ ကြည့်လိုက်သော်လည်း မည်သူ့ကိုမှ ရှာမတွေ့ခဲ့ချေ။ ထို့နောက် သူ၏ မျက်လုံးထောင့်စွန်းများမှ သူ့လူအိုကြီး၏ စာကြည့်ခန်းက တစ်ဝက်ပွင့်နေသည်ကို မြင်လိုက်ရသည်။ ကလေးမလေး၏ အဖြူရောင်ပုံရိပ်လေးက ငါးတစ်ကောင်ကဲ့သို့ လျှောကနဲဝင်သွားသည်ကိုလည်း တွေ့လိုက်ရသည်။

အမျိုးသားဟာ တစ်စက္ကန့်လောက် အာရုံပျံ့သွားပုံ ပေါ်ပေမဲ့ ဒေါသထွက်ရမည့်အစား သူပြုံးလိုက်သည်။

ဒီကောင်မလေးက သေမှာမကြောက်ဘဲ သူ့ရဲ့လူအိုကြီးကို သွားရှာရဲတယ်ပေါ့?

ဗီလိန်ဖေဖေ၅ယောက်နဲ့ ငါजहाँ कहानियाँ रहती हैं। अभी खोजें