အပိုင်း ၂၉

57 11 3
                                    

သင်္ကြန်နှောင်းပိုင်းရွာတက်တဲ့မိုးက အချိန်အတော်ကြာတဲ့အထိ ရောက်မလာဘဲ၊ ရက်အတော်ကြာကြာ ကြည်လင်နေတဲ့ရာသီဥတုက ချက်ချင်းကြီးမှိုင်းကျသွားလိုက်၊ လေပြင်းဝှေ့လိုက်နဲ့ အမျိုးမျိုးကျီစယ်နေပေမယ့် တကယ်တမ်းရောက်လာတော့လဲ ကြဲကြဲတောက်ပူနေတဲ့အချိန်ကြီးမှာ ရုတ်တရက်ကြီး ဝုန်းဒိုင်းကျဲချလာတယ်။

"ဟောတော် မိုးရွာပြီတော့။အဖေကြီးရေ တော့ပုဆိုးတွေရုတ်ဦးတော့"

အိမ်အပေါ်ကနေ ကပြာကရာ ပြေးဆင်းလာတဲ့ မိန်းမဖြစ်သူကို ဖြည်းဖြည်းသက်သာဆင်းခဲ့ဖို့မှာရင်း ဦးသောကြာက ဝါးလုံးတန်းမှာလှန်းထားတဲ့ ပုဆိုးတွေကို ခက်သွက်သွက်ရုတ်ရင်း အခြောက်လှန်းထားတဲ့ ပဲဗန်းတွေပါ သိမ်းလာတယ်။

"လူလေး ထီးမပါသွားဘူးနဲ့တူတယ်"

"အရေးကြီးတာမှတ်လို့ကွာ မိုးတိတ်မှပြန်လာပါစေ"

"သွားခံနီးလာခံနီး ဖျားမှာနာမှာဆိုးလို့ပါတော်"

"သားအတွက် ဟင်းခြောက်တွေလုပ်ပြီးပြီလား။ မုန့်ဆီကြော်တွေများများထည့်ပေးလိုက်ဦးနော် ကိုငြိမ်းမောင်တို့အိမ်အတွက်ကော မမေ့နဲ့ဦး"

"စိတ်ချပါ ကျွန်မလုပ်ထားပြီးပါပြီ။ ပိုက်ဆတ်တွေမသုံးဘူးလားမသိပါဘူး ဖုန်းဆက်တိုင်း လိုတယ်ကိုမပြောဘူး။ ကျွန်မက အစ်မအေးမာလို မိမော်ဖုန်းဆက်ပြီးလှမ်းလှမ်းတောင်းသလို တောင်းစေချင်တာတော့"

"မတောင်းတော့လဲ ငါတို့ပိုပိုသာသာ မှန်းထည့်ပေးလိုက်တာပေါ့။ မိန်းကလေးနဲ့တော့ဘယ်တူပါ့မလဲ"

"ကျွန်မကြားတာတော့ မြို့ကျောင်းကပိုက်ဆံကြိုကြားကြိုကြား ကုန်တယ်တဲ့တော့။ အစ်မအေးမာပြောသလိုဆို စာရွက်စာတမ်းကြေး၊ဘာကြေး ညာကြေး ခဏတိုင်းတောင်းတက်တယ်တဲ့။ မဖြစ်သေးပါဘူး အိမ်ကကိုဖိုးအေးနဲ့တော့ မိမော်ကိုတိုးတိုးတိတ်တိတ်မေးကြည့်ရမယ် ဘာတွေကုန်သလဲလို့။ အဲ့တာမှကျွန်မလဲမှန်းနိုင်မှာ မဟုတ်လို့ ပိုက်ဆတ်လိုနေ သူများအိမ်မယ်မျက်နှာငယ်နေရပါမယ်တော်"

"အေးအေး အဲ့တာလဲကောင်းတယ်။ ဗီဒီယိုရုံ သွားရင်း မင်းမေးလာခဲ့လိုက်။တကယ်လို့လိုတာရှိရင်လဲ ကြက်သွန်ကားနဲ့လိုက်ပြီး မကွေးတက်ဝယ်လို့ရတာပဲ"

ရေလိုအေးလို့ပန်းလိုမွှေးစေWhere stories live. Discover now